မကွေးမြသလွန်ဘုရားပွဲတော်ကွင်းဘေးတွင် ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မည်
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့များ ပူးပေါင်းကာ သြဂုတ် ၃၀ ရက်တွင် မကွေးမြသလွန် ဘုရားပွဲတော်ကွင်းဘေး ဧရာဝတီမြစ်အတွင်း၌ ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများကို လက်တွေ့ကျကျ ပူးပေါင်းလေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။







