ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ရှေးဦးမီးငြိမ်းသတ်ရေး ပစ္စည်းများ အသုံးပြုမီးငြိမ်းသတ်ခြင်း သရုပ်ပြပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သြဂုတ်လ(၁၉)ရက်နေ့ မွန်းလွဲပိုင်းက မီးဘေးအန္တ္တရာယ်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ ရှေးဦးမီးသတ် ပစ္စည်းများ အသုံးပြု မီးငြိမ်းသတ်ခြင်းနှင့် ငလျင်ဘေးကျရောက်ပါက လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဇာတ်တိုက်လေ့ကျင့်ခြင်းကို ကျင်းပခဲ့ကြောင်း သိရသည်။






