မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် နိုင်ငံခေါင်းဆောင်အဖြစ် ပြန်လည်ရွေးချယ် တင်မြှောက်ခံရ

မြောက်ကိုရီးယား၏ ပါလီမန် သည် နိုင်ငံခေါင်းဆောင်အဖြစ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကို ပြန်လည်ရွေးချယ် တင်မြှောက်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းမီဒီယာက ယနေ့မနက်ပိုင်းတွင် သတင်းဖော်ပြထားသည်။
တရုတ်တောင်ပိုင်း ရှိန်းကျိန့်တွင် ရေလွှမ်းမိုးမှုကြောင့်  လေးဦးသေဆုံးပြီး ခုနစ်ဦး ပျောက်ဆုံး
တရုတ်နိုင်ငံတောင်ပိုင်း ရှိန်းကျိန့်တွင် ယမန်နေ့ညပိုင်းက ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းပြီးနောက် လေးဦးသေဆုံးပြီး ခုနစ်ဦးပျောက်ဆုံးနေကြောင်း ဒေသအာဏာပိုင်များက ယနေ့ပြောကြားခဲ့သည်။
ဆယ်စုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ သေဒဏ်ကိုကွပ်မျက်ခံရသူ အနည်းဆုံးဖြစ်တယ်လို့ AI ပြောကြား
ကမ္ဘာတစ်ဝန်းမှာ သေဒဏ်ကွပ်မျက်ခံသူဦးရေသည် လွန်ခဲ့သည့်နှစ်က သုံး ပုံ တစ်ပုံလျော့ကျခဲ့ပြီး ဆယ်စုနှစ်အတွင်း အနည်းဆုံးအဆင့်သို့လျော့ကျခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ (AI) က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
ကမ္ဘာမှာ အကြီးဆုံးသော ရွေးကောက်ပွဲကြီး စတင်ကျင်းပ
အိန္ဒိယနိုင်ငံက အထွေထွေရွေးကောက်ပွဲကို ဒီကနေ့( ကြာသပတေးနေ့) ကနေ မေလ ၁၉ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ အိန္ဒိယရွေးကောက်ပွဲဟာ ကမ္ဘာမှာ အကြီးဆုံးသော ရွေးကောက်ပွဲဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ
အိန္ဒိယ အထွေထွေရွေးကောက်ပွဲ ကြာသပတေးနေ့တွင်စတင်
မိုဒီ၏ အာဏာရပါတီသည် အငြင်းပွားခဲ့သော ကက်ရှမီးယားဒေသနှင့် ပတ်သက်ပြီး အိမ်နီးချင်း ပါကစ္စတန် နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့အကြား စစ်ရေးတင်းမာမှုဖြစ်ပွားသောကြောင့် နိုင်ငံလုံခြုံရေးအပေါ် အဓိက အာရုံစိုက်ထားဖို့ ကတိပြုထားကြောင်း သိရသည်။
၂၀၂၀ တိုကျိုအိုလံပစ်နှင့် မသန်စွမ်းအားကစားပြိုင်ပွဲ  ဝန်ကြီး အသစ်ခန့်အပ်
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က  ၂၀၂၀ တိုကျိုအိုလံပစ်နှင့် မသန်စွမ်းအားကစားပြိုင်ပွဲ တာဝန်ခံဝန်ကြီးအဖြစ် ချူနီချီ ဆူဇူကီ ကို ယခင်ရာထူးဟောင်းတွင် ပြန်လည်ခန့်အပ်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၌ အစွန်းရောက်အဖွဲ့ဝင် ၆၀ဝ ကျော်လက်နက်ချ