အိန္ဒိယ စစ်လေယာဉ် နှစ်စင်းကို ပစ်ချလိုက်ကြောင်း ပါကစ္စတန်ပြော
ပါကစ္စတန်ပိုင် ကတ်ရှ်မီးယားဝေဟင်မှာ ပျံသန်းလာတဲ့ အိန္ဒိယနိုင်ငံပိုင် စစ်လေယာဉ် (Indian Air Force) နှစ်စင်းကို ပစ်ချခဲ့ကြောင်းနဲ့ အိန္ဒိယ လေယာဉ်မှူးတစ်ဦးကိုပါ ဖမ်းဆီးထားနိုင်ကြောင်း ပါကစ္စတန်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။




