ဖိလစ်ပိုင်နိုင်ငံ၌ ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် ၁၈ ဦးဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံ မင်ဒါအိုပြည်နယ်တွင် ယမန်နေ့မနက်ပိုင်းက ဈေးဝယ်စင်တာတစ်ခု၌ ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူ ၁၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
ဇင်ဘာဘွေနိုင်ငံ၌ ကာလဝမ်းရောဂါသံသယရှိလူနာ ၃၀၀၀ ကျော်ရှိလာ
ဇင်ဘာဘွေနိုင်ငံတွင် ကာလဝမ်းရောဂါသံသယရှိလူနာ ၃၀၁၇ ဦးအထိ မြင့်တက်လာပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၉၁၀ ရှိကြောင်း အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက ယမန်နေ့က ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံ၌ ယာဉ်မတော်တဆဖြစ်မှုကြောင့် သုံးဦးသေဆုံး
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းဂျာဗားပြည်နယ်ရှိ အဝေးပြေးလမ်းမပေါ်တွင် ယမန်နေ့က ဘတ်စ်တစ်စီးနှင့် ထရပ်ကားတစ်စီးတို့တိုက်မိသဖြင့် သုံးဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းယာဉ်ထိန်းရဲအရာရှိက ပြောကြားသည်။
လာအိုနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၄၈၈ ဦးအထိ မြင့်တက်
လာအိုနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုဆက်လက်မြင့်မားလျက်ရှိသည်။ လာအိုကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဆိုင်ရာ ပညာရေးနှင့် ပြန်ကြားရေးစင်တာ၏ယနေ့ထုတ်ပြန်ချက်အရ ..............
အာဖဂန်အာဏာပိုင်းများက သက်တမ်းလွန် အစားအစာနှင့် အဖျော်ယမကာ တန်ချိန် ၁၀၀ အား ဖျက်ဆီး
ဆေးဂိုဒေါင်များနှင့် ဈေးဆိုင်များမှအချိုရည်များအပါအဝင် သက်တမ်းလွန်အစားအစာနှင့် အဖျော်ယမကာ တန်ချိန် ၁၀၀ ခန့်အား လွန်ခဲ့သောနှစ်လအတွင်းကပင် သိမ်းဆည်းကာ ဇွန်လ ၂၆ ရက်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။
ထိုင်းနိုင်ငံသို့ ဇန်နဝါရီလမှ ဇွန်လအတွင်း နိုင်ငံခြားခရီးသွား ၁၂ ဒသမ ၄၆ သန်းဝင်ရောက်
ထိုင်းနိုင်ငံသို့ ဇန်နဝါရီလမှ ဇွန်လလယ်ပိုင်း ကြားကာလအတွင်း နိုင်ငံခြားခရီးသွား ၁၂ ဒသမ ၄၆ သန်းရောက်ရှိခဲ့ကြောင်း ယမန်နေ့က ဖော်ပြထားသည်။
တရုတ်နိုင်ငံ၌ မြေပြိုမှုများဖြစ်ပွားသောကြောင့် ခုနစ်ဦးပျောက်ဆုံး
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် ယနေ့မနက်အစောပိုင်းက မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် လူခုနစ်ဦးပျောက်ဆုံးလျက်ရှိသည်ဟု သိရသည်။