အမေရိကန်နိုင်ငံ၌ လေဆင်နှာမောင်းများတိုက်ခတ်မှုကြောင့် သုံးဦးသေဆုံး၊ လူအများအပြားဒဏ်ရာရ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ပယ်ရီတန်မြို့ငယ်လေးတွင် လေဆင်နှာမောင်းအများအပြား တိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် သုံးဦးထက်မနည်းသေဆုံးပြီး လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၌ ယာဉ်ရှစ်စီး ဆင့်တိုက်မှုဖြစ်ပွားသဖြင့်  လူ ၃၀ နီးပါး ဒဏ်ရာရ
တောင်ကိုရီးယားနိုင်ငံအရှေ့ပိုင်း ဂန်ဝန်ပြည်နယ်တွင် ယာဉ်ရှစ်စီးဆင့်တိုက်မှုဖြစ်ပွားခဲ့သဖြင့် လူ ၃၀ နီးပါးဒဏ်ရာရရှိခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ယနေ့တွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်း ဘိုင်ပါဂျွိုင်း ဝင်ရောက်တိုက်ခတ်
အိန္ဒိယနိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းပြည်နယ် ဂူဂျာရတ်တွင် ယမန်နေ့ညနေပိုင်းက အားပြင်းသော ဆိုင်ကလုန်းမုန်တိုင်း ဘိုင်ပါဂျွိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ၌ ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ခြောက်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ
အာဖဂန်နစ္စတန်နိုင်ငံတွင် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ခြောက်ဦးထက်မနည်းသေဆုံးပြီး အခြားရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းရုပ်သံချန်နယ်တစ်ခု ယနေ့ဖော်ပြသွားသည်။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ လက်နက်ကိုင်အုပ်စု၏ ချုံခိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် လက်နက်ကိုင်အုပ်စုတစ်စုက ရဲကားတစ်စီးအား ချုံခိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး အခြားလေးဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားသည်။
ဇင်ဘာဘွေနိုင်ငံ၌ ကာလဝမ်းရောဂါသံသယရှိလူနာဦးရေ ၂၄၆၀ အထိမြင့်တက်
နိုင်ငံအတွင်း လက်ရှိအချိန်အထိ ပြန်လည်ကောင်းမွန်လာသူ ၂၂၄၃ ဦးရှိသည်ဟု ခေတ္တသတင်းပြန်ကြားရေး၊ ထုတ်လုပ်ရေးနှင့် အသံလွှင့်ဝန်ဆောင်မှုဆိုင်ရာဝန်ကြီး ဂျန်ဖန်မတ်စ်ဝဲက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ဂရိနိုင်ငံ၌ ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် ငါးဖမ်းသင်္ဘောတစ်စင်းနစ်မြုပ်မှုကြောင့် သေဆုံးသူ ၇၈ ဦးရှိလာ
ဂရိနိုင်ငံအရှေ့တောင်ပိုင်းတွင် ယမန်နေ့က ရွှေ့ပြောင်းနေထိုင်သူများလိုက်ပါလာသော ငါးဖမ်းသင်္ဘောတစ်စင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းဖော်ပြထားသည်။