ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဓာတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် ၁၂ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘလိုချီစတန်ပြည်နယ် လက်စ်ဘယ်လာခရိုင်ရှိ ဈေးတစ်ခုတွင်       ဓာတ်ငွေ့အိုး ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၂ ဦးသေဆုံးပြီး အခြားသော ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားသည်။
တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၈၇၅၅၉ ဦးနှင့် သေဆုံးသူ ၅၆ ဦးရှိ
တောင်ကိုရီးယားနိုင်ငံ၌  ဒီဇင်ဘာ ၁၉ ရက် သန်းခေါင်ယံအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၇၅၅၉ ဦး စစ်ဆေးတွေ့ရှိကြောင်း ဒီဇင်ဘာ ၂၀ ရက်တွင် ကျန်းမာရေးအာဏာပိုင်များက ပြောသည်။
ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအကြိမ်မြောက် ထိုးနှံမှုစတင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော် ဒါကာ၌ ဦးစားပေး သတ်မှတ်ထားသည့် အဖွဲ့များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ်မြောက် ထိုးနှံပေးမှုကို ဒီဇင်ဘာ ၂၀ ရက်က  စတင်ခဲ့ကြောင်း သိရသည်။
လာအို၌ ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၄၅ သန်းအထိ စံချိန်တင်ရှိလာ
လာအိုနိုင်ငံသည် ယခုနှစ် နိုဝင်ဘာလတွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၄၅ သန်းအထိ စံချိန်တင် ရှိကြောင်း လာအိုကုန်သွယ်ရေး ပေါ်တယ်ဝက်ဘ်ဆိုက်မှ နောက်ဆုံးထုတ်ပြန်သော အချက်အလက်အရ သိရသည်။
မလေးရှားနိုင်ငံ၌ ရေကြီးရေလျှံမှုများကြောင့် နေအိမ်စွန့်ခွာသူပေါင်း ၅၆၁၅၉ ဦးအထိ ရှိလာ
မလေးရှားနိုင်ငံ နေရာအနှံ့အပြားတွင် အားပြင်းထန်သော ရေကြီးရေလျှံမှုများကြောင့် ပြည်နယ်ငါးခုမှ နေအိမ် စွန့်ခွာသူပေါင်း ၅၆၁၅၉ ဦးအထိရှိလာကြောင်း  ဒီဇင်ဘာ ၂၀ ရက်က  အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ဂျီးရီးယားနိုင်ငံ၌ ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် ၂၀ ထက်မနည်း သေဆုံး
နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်း ခရော့ရေးဗား ပြည်နယ်၌ ကာလဝမ်းရောဂါ ဖြစ်ပွားမှုမှ သေဆုံးသူဦးရေ သည် လက်ရှိအချိန်အထိ ၂၀ ထက်မနည်းရှိကြောင်း ဒီဇင်ဘာ ၁၉ ရက်တွင် ဒေသခံ  တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဂျပန်နိုင်ငံ တိုဟိုကူတောင်ပိုင်းနှင့် နိဂါတာမြို့၌ နှင်းများစံချိန်တင်ကျရောက်
ဂျပန်နိုင်ငံ နိဂါတာပြည်နယ်နှင့် တောင်ပိုင်း တိုဟိုကူဒေသတို့၌ ပြင်းထန်သည့် အအေးဓာတ်များကြောင့် နှင်းများကျလျက်ရှိသည်။