အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၁ ဒသမ ၂၇ သန်းနီးပါး ရှိလာ

အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၁၉၄ ဦး ထပ်မံတွေ့ရှိ 
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၄၁၉၄ ဦးထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၄၂၉၈၄၂၆၁ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၇၄၁၉၈၆ ဦးအထိရှိလာ
မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၇၈၇ ဦးထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ဖြစ်ပွားသူပေါင်း ၃၇၄၁၉၈၆ ဦးအထိရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနပြောကြားချက်အရ သိရသည်။
ကိုဗစ်-၁၉ ရောဂါကို ပုံမှန်ဖြစ်ပွားလေ့ရှိသော ရောဂါအဖြစ် သဘောထားရန် အစီအစဉ်အား ထိုင်းနိုင်ငံခွင့်ပြု
ထိုင်းနိုင်ငံ၏ကျန်းမာရေးအာဏာပိုင်များက ဇူလိုင်လ ၁ ရက်နေ့ကစတင်သော ကိုဗစ်-၁၉ ရောဂါကို ပုံမှန်ဖြစ်ပွားလေ့ရှိသော ရောဂါအဖြစ်ကူးပြောင်းရေးပံ့ပိုးရန် အဆင့်လေးဆင့်ပါသော အစီအစဉ်တစ်ခုအား ဗုဒ္ဓဟူးနေ့က ခွင့်ပြုခဲ့သည်ဟု သိရသည်။
ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးတွင် ငွေကြေးထောက်ပံ့ရန် ပျက်ကွက်သည့် အနောက်နိုင်ငံများအား ဖိလစ်ပိုင်ပြစ်တင်ပြောကြား
ဖိလစ်ပိုင်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးကဏ္ဍတွင် မိမိနိုင်ငံအား ငွေကြေးထောက်ပံ့ရန် ပျက်ကွက် ခဲ့သည့် အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံများအား ...............
နျူကလီးယားဆွေးနွေးပွဲတွင် အမေရိကန်က တရားမျှတမှုမရှိသည့် တောင်းဆိုချက်များ တောင်းဆိုနေကြောင်း အီရန်ပြောကြား
အီရန်နျူကလီးယားအရေး ဆွေးနွေးပွဲတွင် အမေရိကန်သည် တရားမျှတမှု မရှိသော တောင်းဆိုချက်များကို တောင်းဆိုနေပြီး အီရန်အပေါ် ဖိအားများပေးလျက်ရှိကြောင်း အီရန်အမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီရှန်ခါနီက ယနေ့ပြောကြားသည်။