ဂျပန်နိုင်ငံက မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုနှင့်စပ်လျဉ်းသည့် ကုလလုံခြုံရေးကောင်စီ အစည်းအဝေးရလဒ်အပေါ် စိတ်မကောင်းဖြစ်မိဟုဆို

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်မှုနှင့်စပ်လျဉ်း၍ ယနေ့တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး၏ ရလဒ်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်အား တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခွင့်ပြုရန် မျှော်လင့် ကြောင်း ကုလအကြီးအကဲပြောကြား
တရုတ်နိုင်ငံ၏ ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် လာရောက်လည်ပတ်ခွင့်ပြုရန် မျှော်လင့်ပါကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က တရုတ်ထိပ်တန်းခေါင်းဆောင်များအား ပြောကြားခဲ့သည်။
အဲလစ်ဇဘတ်ဘုရင်မကြီး ထီးနန်းစံသက် နှစ် (၇၀) ပြည့်ပြီ
ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘတ် သည် ဖေဖော်ဝါရီ ၆ ရက်က ထီးနန်း နန်းစံခြင်း နှစ် (၇၀) ပြည့်ပြီ ဖြစ်သည်။ ဘုရင်မကြီးသည် ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် သူမ၏အသက် ၂၅ နှစ်တွင် ထီးနန်း ဆက်ခံခဲ့သည်။ ဘုရင်မကြီးသည် နိုင်ငံ၏ နန်းသက်အကြာဆုံး ဘုရင်မကြီးလည်း ဖြစ်သည်။
လစ်ဗျားနိုင်ငံတွင် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများ၌ ကိုဗစ် - ၁၉ အကာအကွယ်များ ကျင့်သုံးသွားရန် တောင်းဆို
လစ်ဗျားနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်မှုများပြားလာစဉ် အများပြည်သူနှင့် သက်ဆိုင်သည့်ဧရိယာ များ၌ ကိုဗစ်-၁၉ အကာအကွယ်များကို ကျင့်သုံးသွားရန် အာဏာပိုင်များအား လစ်ဗျားကူးစက်ရောဂါ ထိန်းချုပ်ရေး အမျိုးသားစင်တာက ဖေဖော်ဝါရီ ၅ ရက်တွင် တောင်းဆိုခဲ့သည်။
တူရကီသမ္မတ အာဒိုဂန် ကိုဗစ် - ၁၉ ကူးစက်ခံရ
တူရကီသမ္မတ ရီဆက်တိုင်ရက် အာဒိုဂန်က ၎င်းတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း ပြောကြားခဲ့ သည်။ သမ္မတအာဒိုဂန်က၎င်းတို့ ဇနီးမောင်နှံနှစ်ဦးလုံးတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်းနှင့် အိုမီခရွန်၏ အပျော့စားလက္ခဏာများသာ ခံစားရကြောင်း တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ တူရကီသမ္မတသည် ဖေဖော်ဝါရီ ၃ ရက်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနှင့် ကီယက်ဗ်မြို့၌ တွေ့ဆုံခဲ့သည်။ ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကြား တင်းမာမှုများကို ဖြေလျှော့ပေးရန်အတွက် ကြားဝင်ဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်း အာဒိုဂန်က ၎င်း၏ သဘောဆန္ဒကိုဖော်ပြခဲ့ပြီး နေအိမ်၌ပင် အလုပ်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း တူရကီသမ္မတက ပြောသည်။
ပီရူးနိုင်ငံ၏ ရှေးဟောင်းသုတေသန နေရာအနီးတွင် လေယာဉ်ပျက်ကျရာ ခုနစ်ဦးသေဆုံး

ပြင်သစ်သမ္မတ မက်ခရွန် လာမည့်သီတင်းပတ်အတွင်း ရုရှားနှင့် ယူကရိန်းသို့ သွားရောက်မည်