အတိုက်အခံပြည်သူ့အင်အားပါတီမှ ယွန်ဆုယောခ် တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် အနိုင်ရ

ယမန်နေ့ကကျင်းပခဲ့သော တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် အဓိကကွန်ဆာဗေးတစ် အတိုက်အခံပြည်သူ့အင်အားပါတီမှ ယွန်ဆုယောခ်အနိုင်ရရှိခဲ့ရာ ယွန်သည် တောင်ကိုရီးယားနိုင်ငံ၏ ၂၀ ဦးမြောက်သမ္မတ ဖြစ်လာသည်။
တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှု ပထမဦးဆုံးအကြိမ်အဖြစ် ၃၀၀၀၀၀ ကျော်တွေ့ရှိ
တောင်ကိုရီးယားနိုင်ငံတွင် သမ္မတသစ်ရွေးကောက်ပွဲပြုလုပ်နေစဉ်အတွင်း ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှုတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကူးစက်ခံရသူဦးရေ ၃၀၀၀၀၀ ကျော် ထပ်မံတွေ့ရှိခဲ့သည်။
မော်ရိုကိုနိုင်ငံ၌ ငါးဖမ်းလှေနစ်မြုပ်သဖြင့် လူနှစ်ဦးသေဆုံး၊ ငါးဦးပျောက်ဆုံးနေ
မော်ရိုကိုနိုင်ငံ အယ်လ်ဂျာဒီဒါကမ်းလွန်တွင် ယမန်နေ့မနက်ပိုင်းက ငါးဖမ်းလှေတစ်စီးနစ်မြုပ်မှုဖြစ်ပွားသဖြင့် လူနှစ်ဦးထက်မနည်းသေဆုံးပြီး ငါးဦးပျောက်ဆုံးလျက်ရှိသည်။
မက္ကဆီကိုအလယ်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွား လူ ကိုးဦးသေဆုံး
မက္ကဆီကိုအလယ်ပိုင်း ပူဘလာပြည်နယ် အတ်တလစ်ကိုမြို့ရှိ လူနေအိမ်တစ်လုံးတွင် ယမန်နေ့မနက်စောပိုင်းက  ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးသုံးဦးအပါအဝင် ကိုးဦးသေဆုံးခဲ့သည်ဟု ပြည်နယ်အာဏာပိုင်များက အတည်ပြုပြောကြားသည်။
အိန္ဒိယနိုင်ငံ၌ နိုင်ငံတကာလေကြောင်းလိုင်းများ နှစ်နှစ်ကြာ ရပ်နားထားပြီးနောက် ပုံမှန်အတိုင်းပြန်လည်စတင်
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် နှစ်နှစ်ကြာရပ်နားထားခဲ့ပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းများ ပုံမှန်ပြန်လည်စတင်မည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြောကြားသည်။
မွန်ဂိုလီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၁ ဦး ထပ်မံတွေ့ရှိ
မွန်ဂိုလီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၁ ဦး ထပ်မံတွေ့ရှိခဲ့သည်။
နိုင်ငံပေါင်း၂၃ နိုင်ငံမှခရီးသွားဧည့်များအတွက် ဆိုက်ရောက်ဗီဇာဝန်ဆောင်မှု အင်ဒိုနီးရှားနိုင်ငံဖွင့်လှစ်
အင်ဒိုနီးရှားနိုင်ငံအစိုးရသည် ခရီးသွားကဏ္ဍပြန်လည်ထိန်းသိမ်းရန် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ခရီးသွားဧည့်သည်များအတွက် အထူးဆိုက်ရောက်ဗီဇာဝန်ဆောင်မှု ဖွင့်လှစ်ခဲ့သည်ဟု လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက တနင်္လာနေ့က ပြောကြားသည်။