အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နယ်စပ်ဂိတ်တွေ ဆက်လက်ပိတ်ထားမယ်

အမေရိကန်နိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များနေတဲ့အတွက် အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ကနေဒါနဲ့ မက္ကဆီကို နယ်စပ်ဂိတ်တွေကို ဒီဇင်ဘာ ၂၁ ရက်နေ့အထိ ဆက်လက်ပိတ်ထားမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ်က ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို နှိမ်နင်းရန် ရဲတပ်ဖွဲ့အား အမိန့်ပေး
ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို နှိမ်နင်းရန် ရဲတပ်ဖွဲ့အား  ဒီနေ့ (ကြာသပတေးနေ့) မှာ အမိန့်ပေးလိုက်ကြောင်း သိရပါတယ်။
ရောဂါပိုး ကူးစက်မှု ဒုတိယလှိုင်းကို ကာကွယ်ဆေး မပါဘဲ ကျော်ဖြတ်ရမယ်လို့ WHO သတိပေး
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ အရေးပေါ်ဌာနမှ ဒါရိုက်တာ မိုက်ကယ် ရိန်းက ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ဒုတိယလှိုင်းကို ကာကွယ်ဆေး မပါဘဲ ကျော်ဖြတ်ရမှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က သတိပေး ပြောကြားပါတယ်။
အီရန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်မယ့် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ပြဋ္ဌာန်းမယ်
အီရန် နိုင်ငံရဲ့ နေရာဒေသ အများအပြားမှာ  ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်မယ့် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ပြဋ္ဌာန်းမယ်လို့ သမ္မတ ဟတ်ဆန် ရိုဟာနီက ပြောပါတယ်။
ပိုးကူးစက်မှု များလာတဲ့အတွက် နယူးယောက်စီးတီးရှိ အစိုးရ ကျောင်းတွေအား ၇ ရက် ပိတ်မယ်
အမေရိကန် နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များလာတဲ့အတွက် နယူးယောက်စီးတီးရှိ အစိုးရ ကျောင်းတွေအား ၇ ရက် ပိတ်ထားမယ်လို့ မြို့တော်ဝန်က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
အမေရိကန် နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ နှစ်သိန်းခွဲ ကျော်ရှိလာ
အမေရိကန် နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ နှစ်သိန်းခွဲ ရှိလာကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
ဂျပန်နိုင်ငံတွင် ဗုဒ္ဓဟူးနေ့ အတွင်းက ကိုဗစ်-၁၉ ကူးစက်မှု ၂၀၀၀ ကျော်ရှိ
ဂျပန်နိုင်ငံတွင် ဗုဒ္ဓဟူးနေ့ အတွင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများမှာ  စံချိန်တင်ခဲ့သည်။