ဘရာဇီးနိုင်ငံတွင် ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှု အဆိုးဆုံး ဖြစ်သည့် နိုင်ငံအရှေ့တောင်ပိုင်း ဆော်ပိုလိုပြည်နယ်တွင် ရောဂါကူးစက်မှုအရှိန်မြင့်လျက်ရှိပြီး ဆေးရုံတက်ရသည့် လူနာအရေအတွက် ပိုမိုများပြားလာသည့်အတွက် အဝင် အထွက်ကန့်သတ်ပိတ်ဆို့မှုကို လာမည့် ဒီဇင်ဘာ ၁၆ ရက် အထိ အချိန်ထပ်တိုးရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။