အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၁ သန်းကို ၆ ရက်အတွင်းတွေ့ရှိ

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၁ သန်းကျော်ဖြစ်လာကြောင်း၊ သီတင်းတစ်ပတ်မပြည့်ခင် အချိန်အတွင်းမှာ ပိုးကူးစက်ခံရသူ ၁ သန်းဖြစ်ကြောင်း တနင်္ဂနွေနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဩစတြေးလျနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးထိန်းချုပ်နိုင်ပြီးမှာ ဒေသတွင်းပိုးကူးစက်မှု ပြန်လည်ရှိလာ
ဩစတြေးလျနိုင်ငံ တောင်ပိုင်းရှိ အက်ဒယ်လေ့မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း ဒီနေ့ (တနင်္လာနေ့)မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လာမယ့်နှစ် ဆောင်းရာသီမှာ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့မျှော်လင့်ကြောင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်ရေးပညာရှင် ပြောကြား
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့မယ်ဆိုရင် လာမယ့်နှစ် ဆောင်းရာသီမှာ ပုံမှန်အခြေအနေကို ပြန်ရောက်မယ်လို့ မျှော်လင့်ကြောင်း ဂျာမန်ဆေးကုမ္ပဏီ BioNTech ရဲ့ ပညာရှင်တစ်ဦးက တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
ဂျာမနီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန် စည်းမျဉ်းတွေ နောက် လေး၊ ငါး လအထိ ရှိသွားမယ်လို့ စီးပွားရေးဝန်ကြီးက သတိပေး

ဩစတြီးယားမှာ ဗိုင်းရပ်စ်ပိုး တားမြစ်ချက်ကို အထောက်အကူပြုရန် လူအမြောက်အများကို ပိုးစစ်ဆေးပေးမယ်
ဩစတြီးယားနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု တားမြစ်ရန်အတွက် ဒုတိယအကြိမ် အသွားအလာ ကန့်သတ်မှု (lockdown) တားမြစ်ချက်ကို အထောက်အကူပြုရန် လူအမြောက်အမြားကို ပိုးစစ်ဆေးပေးမယ်လို့ ဝန်ကြီးချုပ် စဘတ်စတိုင်း ကတ်ဇ် က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ကြောင့် သေဆုံးသူ ၁၃၀၀၀၀ ထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအသစ် ၃၀၅၄၈ ဉီးရှိခဲ့ပြီး  တနင်္လာနေ့အတွင်းက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူပေါင်း ၈၈၄၅၁၂၇ ဉီးရှိခဲ့ပြီး စံချိန်တင် ကူးစက်ခဲ့ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံး ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရှိရသည်။
အယ်လ်ဂျီးရီးယားမှာ တားမြစ်ချက် အသစ်ထုတ်ပြန်
အယ်လ်ဂျီးရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု အရေအတွက် တိုးလာတဲ့အတွက် တားမြစ်ချက် အသစ်တွေ ထုတ်ပြန်ကြောင်း တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။