သမ္မ ဂျိုကို ဝီဒိုဒို ပြန်လည်ရွေးကောက်တင်မြှောက်ခံရဖွယ်ရှိ

အင်ဒိုနီးရှားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင်  လက်ရှိ သမ္မတ ဂျိုကို ဝီဒိုဒို က  အကြိုမဲရေတွက်မှုများတွင် အသာစီးရရှိကာ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တို ကို ဦးဆောင်နေကြောင်းနှင့် ဂျိုကိုဝီဒိုဒို ပြန်လည်ရွေးကောက်တင်မြှောက်ခံရဖွယ် ရှိကြောင်း ဒေသခံမီဒီယာများက ရေးသားဖော်ပြထားသည်။
နျူကလီးယားစက်ရုံများ အကြမ်းဖက်မှုမဖြစ်စေရန် စီမံချက်များ နှောင့်နှေးကြန့်ကြာ
ဂျပန်နိုင်ငံရှိ နျူကလီးယားစက်ရုံအော်ပရေတာများက  အကြမ်းဖက်မှု မဖြစ်စေရန်လိုအပ်သည့် အထောက်အပံ့ပစ္စည်းများ ၎င်းတို့၏ စက်ရုံများတွင် အစိုးရက သတ်မှတ်ချိန်ကာလအတွင်း တပ်ဆင်ရန် ခက်ခဲမည် ဖြစ်ကြောင်း နျူကလီးယား ထိန်းသိမ်းမှု အာဏာပိုင်အဖွဲ့ထံ ယမန်နေ့ကအစည်းအဝေးတွင် တင်ပြခဲ့ ကြသည်။
ချယ်လ်ဆီးကို အိမ်ကွင်းမှာ အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်မှာ လီဗာပူး ပြန်လည်ရပ်တည်
ပရီမီယာလိဂ် ပွဲစဉ် (၃၄) ပွဲစဉ်အဖြစ် လီဗာပူးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ တနင်္ဂနွေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး လီဗာပူးအသင်းက ချယ်လ်ဆီးအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့်
ဖိလစ်ပိုင်တောင်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့်  အဘူလ် ဆေးရဖ် စစ်သွေးကြွ ကိုးဦးသေဆုံး ၊ ၁၉ ဦး ဒဏ်ရာရ
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဆူလူပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားသဖြင့် အဘူလ်ဆေးရဖ် စစ်သွေးကြွ ကိုးဦးသေဆုံးပြီး အခြား ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်ဘက် က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် နိုင်ငံခေါင်းဆောင်အဖြစ် ပြန်လည်ရွေးချယ် တင်မြှောက်ခံရ
မြောက်ကိုရီးယား၏ ပါလီမန် သည် နိုင်ငံခေါင်းဆောင်အဖြစ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကို ပြန်လည်ရွေးချယ် တင်မြှောက်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းမီဒီယာက ယနေ့မနက်ပိုင်းတွင် သတင်းဖော်ပြထားသည်။
တရုတ်တောင်ပိုင်း ရှိန်းကျိန့်တွင် ရေလွှမ်းမိုးမှုကြောင့်  လေးဦးသေဆုံးပြီး ခုနစ်ဦး ပျောက်ဆုံး
တရုတ်နိုင်ငံတောင်ပိုင်း ရှိန်းကျိန့်တွင် ယမန်နေ့ညပိုင်းက ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းပြီးနောက် လေးဦးသေဆုံးပြီး ခုနစ်ဦးပျောက်ဆုံးနေကြောင်း ဒေသအာဏာပိုင်များက ယနေ့ပြောကြားခဲ့သည်။
ဆယ်စုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ သေဒဏ်ကိုကွပ်မျက်ခံရသူ အနည်းဆုံးဖြစ်တယ်လို့ AI ပြောကြား
ကမ္ဘာတစ်ဝန်းမှာ သေဒဏ်ကွပ်မျက်ခံသူဦးရေသည် လွန်ခဲ့သည့်နှစ်က သုံး ပုံ တစ်ပုံလျော့ကျခဲ့ပြီး ဆယ်စုနှစ်အတွင်း အနည်းဆုံးအဆင့်သို့လျော့ကျခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ (AI) က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။