ထိုင်းနိုင်ငံသား အသက် ၅၉ နှစ်အရွယ် သတိမေ့ရောဂေါရှင် (dementia ဝေဒနာရှင်) ဟာ လွန်ခဲ့တဲ့ ၈ လက သူမအိမ်နဲ့ မနီးမဝေးမှာရှိတဲ့ သားဖြစ်သူကို သွားတွေ့ရာကနေ ၆၄၀ ကီလိုမီတာ လမ်းလျှောက်ပြီး တရုတ်နိုင်ငံကို ရောက်ရှိသွားခဲ့ပါတယ်။ ၈ လကြာပြီးနောက် ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ကေရိုမေးနီ အာဂျော ဟာ ထိုင်းနိုင်ငံပြန်ရောက်လာပြီး မိသားစုနဲ့ ဆုံဆည်းခွင့် ပြန်လည်ရရှိခဲ့ပါတယ်။