တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်အကိုင်ဆုံးရှုံးမှု၊ လုပ်အားခလျော့နည်းမှုနှင့် ရင်ဆိုင်ကြုံ တွေ့

တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့ပြီးနောက် နေ့စားအလုပ်သမားများနှင့် ဝင်ငွေ နည်းပါးသောအလုပ်သမားများအတွက် ဝင်ငွေလျော့နည်းလာခြင်းနှင့် အတူ ပြည်သူထက်ဝက်နီးပါးသည် အလုပ်အကိုင်ဆုံးရှုံးမှု သို့မဟုတ် လုပ်အားခလျော့ကျမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း စာရင်းအင်းရုံးမှ ယနေ့ထုတ်ပြန်သည့် အချက်အလက်များက ပြသထားသည်။
နိုက်ဂျီးရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ဒုတိယလှိုင်းနဲ့ ရင်ဆိုင်နေရပြီလို့ ကျန်းမာရေးဝန်ကြီး သတိပေး
နိုက်ဂျီးရီးယား ကျန်းမာရေးဝန်ကြီးက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ များလာတဲ့အတွက် နိုင်ငံဟာ ဗိုင်းရပ်စ်ရောဂါပိုးကူးစက်မှု ဒုတိယလှိုင်းနဲ့ ရင်ဆိုင်နေရပြီလို့ ကြာသပတေးနေ့က သတိပေး လိုက်ပါတယ်။
ဉရောပသမဂ္ဂက ရုရှားအား စီးပွားရေးပိတ်ဆို့မှု ၆ လ တိုးမြှင့်
ဉရောပသမဂ္ဂ (EU) ရဲ့ ခေါင်းဆောင်တွေက ယူကရိန်းနိုင်ငံ ကိစ္စနဲ့ ပတ်သက်ပြီး ရုရှားအား စီးပွားရေး ပိတ်ဆို့မှု ၆ လ တိုးမြှင့်လိုက်ကြောင်း ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။
ပြင်သစ်နိုင်ငံအတွင်း နှစ်သစ်ကူးညအထိ ညမထွက်ရ အမိန့် ဆက်လက်ထုတ်ပြန်မည်
ပြင်သစ်နိုင်ငံမှာ သီတင်း ခြောက်ပတ်ကြာ ထုတ်ပြန်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရေး စည်းမျဉ်းဟာ လာမယ့် အင်္ဂါနေ့မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် ညမထွက်ရ အမိန့် (ည ၈ နာရီမှ နံနက် ၆ နာရီအထိ) ကို ဆက်လက် ထုတ်ပြန်ထားမှာဖြစ်ကြောင်း --------
ရဲတပ်ဖွဲ့က မှားယွင်းပစ်သတ်ခဲ့မိတဲ့အတွက် အယ်လ်ဘေးနီးယား ပြည်ထဲရေးဝန်ကြီး နှုတ်ထွက်
အယ်လ်ဘေးနီးယား ရဲတပ်ဖွဲ့က လူငယ်တစ်ဦးအား မှားယွင်းပစ်သတ်ခဲ့မိတဲ့အတွက် ပြင်းထန်တဲ့ ဆန္ဒပြပွဲတွေ နှစ်ရက်တိတိ ဖြစ်ပွားပြီးနောက် ပြည်ထဲရေးဝန်ကြီး ဆန်ဒရာ လက်ရှာဂျီ က တာဝန်မှ နှုတ်ထွက်ကြောင်း ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။
ဘရာဇီးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် လူပေါင်း ၇၇၀ ထပ်မံသေဆုံး
ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၇၇၀ ရှိသဖြင့် နိုင်ငံတစ်ဝန်း သေဆုံးသူပေါင်း ၁၇၉၇၆၅ ဦးရှိလာသည်ဟု ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက  ကြာသပတေးနေ့က သတင်းထုတ်ပြန်ခဲ့သည်။