စစ်တွေရှိ ကြက်မွေးမြူရေးအရောင်းဆိုင် မီးလောင်မှုဖြစ်ပွားရာမှ လူနေအိမ်ငါးလုံးပါ မီးလောင်ဆုံးရှုံး
ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၊ မကျဉ်းမြိုင်အကွက်(၉)ရပ်ကွက်၌ ကြက်မွေးမြူရေးအရောင်းဆိုင်တစ်ဆိုင်နှင့် လူနေအိမ်ငါးလုံးတို့ ဇန်နဝါရီ ၂၇ ရက်နေ့ ည ၉ နာရီ မိနစ်၂၀ က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။






