ညောင်ဦးမြို့နယ်တွင် ဝါယာကြိုးအပူလွန်ကဲရာမှ လူနေအိမ်(၂)လုံး မီးလောင်ဆုံးရှုံး
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံဘူတာဝန်းအနီးတွင် ဇန်နဝါရီ ၁၄ ရက်၊ ညနေ ၄ နာရီခွဲခန့်က ဝါယာကြိုးအပူလွန်ကဲရာမှ တစ်ဆင့် နေအိမ်အား မီးကူးစက်လောက်ကျွမ်းကာ လူနေအိမ်(၂)လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။






