ဖားကန့်၊ ကောလင်း၊ ရပ်စောက်နှင့် ကလောမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၅ ရက် ည ၇ နာရီက သတင်းအရ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လုံးခင်း-ဥရုဆွတ် အိန်ယန်ကျေးရွာသွား ကားလမ်း၊ ဥရုဆွတ်အိန်ယန်ကျေးရွာအဝင်၌ ဝင်းဇော်မောင်းနှင်ပြီး အောင်သိန်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ ကိုလည်းကောင်း၊
တာချီလိတ်မြို့တွင် ငွေကျပ်သိန်းပေါင်း ၈,၄၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် အောက်တိုဘာ ၅ ရက် ည ၆ နာရီ မိနစ် ၅၀ က သတင်းအရ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် စိုင်းဆွေအောင် (ခ)အိုက်ခမ်း မောင်းနှင်လာသော Toyota Hilux Revo အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၉၈,၀၀၀  သိမ်းဆည်းရမိခဲ့ကြောင်း။
အာဖဂန်တပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွား စစ်သွေးကြွ ငါးဦး သေဆုံး
အာဖဂန်အစိုးရတပ်ဖွဲ့များက စစ်သွေးကြွများအား နှိမ်နင်းခဲ့ရာ တာလီဘန်စစ်သွေးကြွ  ငါးဦး သေဆုံးခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံရှိ တာခါနှင့်ကူဒက်ဇ်ပြည်နယ်ကို ဆက်သွယ်ထားသော အဝေးပြေးလမ်းမကြီးအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း
ဆောတွင် ဓာတ်ဆီပေပါများ သိမ်းဆည်းရမိ
ဂန့်ဂေါခရိုင် ဆောမြို့အနီး ဆော- ကန်ပက်လက် လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် ယမန်နေ့က မော်တော်ယာဉ်တစ်စီးပေါ်၌ ဓာတ်ဆီပေပါများ တွေ့ရှိသဖြင့် တာဝန်ရှိသူများက ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။
ကာဂျစ္စတန်မြို့တော်တွင် ဆန္ဒပြသမားများနှင့် လုံခြုံရေးအရာရှိများ ပဋိပက္ခဖြစ်ပွား လူ ၁၆ ဦး ဒဏ်ရာရ
ကာဂျစ္စတန်မြို့တော်တွင် ယန်နေ့ကကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲ ရလဒ်များကို ဆန့်ကျင်ဆန္ဒပြရာမှ  ဆန္ဒပြသူများနှင့် လုံခြုံရေးအရာရှိများအကြား ပဋိပက္ခများ ဖြစ်ပွားသဖြင့် လူ ၁၆ ဦး ထက်မနည်း ဒဏ်ရာရခဲ့သည်။
အင်ဒိုနီးရှားတွင် အကြမ်းဖက်သံသယရှိသူ လေးဦး ဖမ်းဆီးခံရ

အောင်လံမြို့နယ်၌ စည်းကမ်းမဲ့ဆေးလိပ်မီးပစ်ရာမှ  ကြက်မွေးမြူရေးခြံဟောင်း မီးလောင်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ယမန်နေ့ည ၁၁ နာရီအချိန်ခန့်က ဥယျာဉ်ကျေးရွာအနီး ကြက်မွေးမြူရေး ခြံဟောင်းတစ်လုံးအား ..................