မိုးကုတ်မြို့နယ်အတွင်းရှိ လူး လုပ်ကွက်ဟောင်း မြေပြိုကျရာမှ ကျောက်ရှာသူတစ်ဦးသေဆုံး

မိုးကုတ်မြို့နယ်၊ ဓာတ်တော်ပျားစွဲ လူး လုပ်ကွက်ဟောင်းမြေပြိုကျရာမှ ကျောက်ရှာသူတစ်ဦးသေဆုံးမှု သြဂုတ် ၁၁ ရက်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်) မှ သိရသည်။
တာချီလိတ်မြို့တွင်  ဆိုင်ကယ်သူခိုးနှင့် ပစ္စည်းလက်ခံ ပုံဖျက်ပေးသူများနှင့်အတူ  ဆိုင်ကယ် ၇ စီး သိမ်းဆည်းရမိ
တာချီလိတ်မြို့နယ်အတွင်း လှည့်လည်ကာ ဆိုင်ကယ်ခိုးယူနေသူ ၃ ဦးနှင့် ခိုးရာပါ ဆိုင်ကယ်များကို လက်ခံ ဝယ်ယူကာ ပုံဖျက်ပေးနေသူ ၃ ဦးတို့ကို ယနေ့  နံနက် အစောပိုင်းက ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သိရသည်။
ဘားအံနှင့် ဗန်းမောက်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဧရာဝတီတံတား(စစ်ကိုင်းတံတား)ပေါ်မှ လူတစ်ဦးခုန်ချမှု ကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေနေ
မန္တလေးမြို့နှင့် စစ်ကိုင်းမြို့သို့ ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူးတံတားပေါ်မှ ယနေ့မွန်းလွဲ ၂ နာရီခွဲခန့်က လူတစ်ဦး ရေထဲခုန်ချမှုဖြစ်ပွားခဲ့ကြောင်း
သပိတ်ကျင်းမြို့နယ်၌ ၆ ဘီးယာဉ်မှ ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လဲကျတိမ်းမှောက်၊ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ (၇)မိုင်-တကောင်းသွားကားလမ်း၊ မိုင်တိုင် အမှတ် (၇/ဝ-၁)ကြား၌ ဩဂုတ် ၁၀ ရက် ည  ၉ နာရီ ၄၅ မိနစ်က ယာဉ်တိုက်မှုဖြစ်ပွား၍ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိကြောင်း သိရ
တာချီလိတ်မြို့နယ်၌ လေသေနတ်အား စမ်းသပ်ပစ်ခတ်ရာမှ ကလေးငယ် ၁ ဦးအား ထိမှန်၍ သေဆုံး
ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် ခုတ်ဝကျေးရွာတွင် တောကောင်ပစ်ရန် ပြုလုပ်ထားသည့် လေသေနတ်အား စမ်းသပ်ပစ်ခတ်စဉ်  ကလေးငယ်တစ်ဦးအား ထိမှန်ခဲ့ပြီး ကလေးငယ် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေးကျုံးအတွင်း အပေါ့စွန့်သည့် အမျိုးသားကို ဖမ်းဆီးအမှုဖွင့်
မန္တလေးကျုံးအတွင်း အပေါ့စွန့်သည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးကာ အမှုဖွင့်လှစ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက သိရသည်။