မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ တူးကုန်းကျေးရွာ လယ်ကွက် အနီး၌ ရွှေပါသည်ဟု ယူဆရသော ဗြုန်းကျောက်အိတ်များအား အမျိုးသား ၁ ဦးက စောင့်ကြပ်နေကြောင်း သတင်းအရ စက်တင်ဘာလ ၃ ရက် ညနေ ၅ နာရီက တူးကုန်း ရဲကင်း စခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မြစ်သားမြို့နယ်၊ ခရုတုတ်ကျေးရွာ ကိုမင်း(၃၉)နှစ်အား ၁ အိတ်လျှင် ၆ ပိဿာခန့်ရှိ ဗြုန်းကျောက်အိတ် ၁၅ အိတ်နှင့် သစ်သားရိုးတပ် သံတူ ၄ ချောင်းတို့နှင့်အတူ တွေ့ရှိသိမ်းဆည်းခဲ့သည်။