ကျိုက်ထီးရိုးရင်ပြင်တော်အနီး ကျီးပါးစပ်လမ်းရှိ အထည်ဆိုင်တွင် မီးလောင်မှုဖြစ်ပွား
ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ၊ ကျိုက်ထီးရိုးရင်ပြင်တော်အနီး ကျီးပါးစပ်လမ်းတွင် ဇူလိုင်၂၀ ရက် မွန်းလွဲ ၂ နာရီခွဲက၌ ယခင်ကျိုက်ထီးရိုးဘုရားပွဲတော် ကာလအတွင်း လေလံပြင်ပဈေးဆိုင်ပိုင်ရှင် ဦးမင်းမောင်(၄၀)နှစ် (၂၅ လမ်း၊ မှော်ကန် ရပ်ကွက်၊ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီးနေသူ)၏ အလျားပေ(၂၀)၊အနံပေ(၃၀)ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ပိတ်သိမ်းထားသည့် ဈေးဆိုင်တွင် ဆေးလိပ်မီးမှ တစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
အမရပူရ၊ တာချီလိတ်၊ လှိုင်လင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကန့်ဘလူမြို့နယ်တွင် လင်မယားစကားများရန်ဖြစ်ပြီး ဓားမဖြင့်ခုတ်ရာ ယောက်ျားဖြစ်သူသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဟင်သော်ကျေးရွာတွင် ဇူလိုင် ၁၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်က လင်မယားစကားများပြီး ဓားမဖြင့်ခုတ်ရာ ယောက်ျားဖြစ်သူမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် မကြီးကန်ကျေးရွာတွင် လူတစ်ဦး ကျင်စက်ဖြင့် ငါးရှော့တိုက်ဖမ်းရာမှ ဓာတ်လိုက်သေဆုံး
မကွေးခရိုင် မြို့သစ်မြို့နယ် ညောင်ဇင်ကျေးရွာအုပ်စု၊ မကြီးကန်ကျေးရွာအနီးရှိ နတ်ကွန်းရိုးချောင်းတွင် ကျင်စက်ဖြင့်ငါးဖမ်းသည့် လူတစ်ဦး ကျင်စက်ရှော့ဖြစ်ကာ ဓာတ်လိုက်သေဆုံးကြောင်း မြို့သစ် မြို့မရဲစခန်းမှ သိရသည်။
မန္တလေး-မိုးကုတ်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား ယာဉ်မောင်းသေဆုံး

မတ္တရာ ၂၀ ဇူလိုင် 

ဝက်လက်မြို့နယ် မောက်ကြိုးကျေးရွာတွင် မီးပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား