တနင်္ဂနွေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြသည့် ပရီမီယားလိဂ်ပွဲစဉ်(၁၆)တွင် အက်စတွန်ဗီလာနှင့် လက်စတာတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ လက်စတာအသင်းက အဝေးကွင်း လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး လက်စတာအသင်းအတွက် ဂိုးတွေကိုတော့ ဗာဒီက နှစ်ဂိုး၊ နာချိုနှင့် ဂျွန်နီအီဗန်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဗီလာအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ အသင်း ခေါင်းဆောင် ဂရီရယ်လစ်ရှ်က သွင်းယူပေးခဲ့ခြင်း ဖြစ်