အူရီဒူးမြန်မာက Supernet ဖိုင်ဘာအင်တာနက်ကွန်ရက်ကို ထပ်မံတိုးချဲ့

အူရီဒူးမြန်မာအနေဖြင့် ၎င်း၏ ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုဖြစ်သည့် Supernet ဖိုင်ဘာကို မြန်မာနိုင်ငံတစ်ဝန်းတွင် ရရှိအသုံးပြုနိုင်ရန် ဝန်ဆောင်မှုများ တိုးချဲ့လျက်ရှိရာ ယခုတစ်ပတ်အတွင်း ရန်ကုန်နှင့် မန္တလေးရှိမြို့များအပြင် မြို့နယ်အသစ် ၂၇ မြို့သို့ ထပ်မံတိုးချဲ့၍ ဝန်ဆောင်မှုပေးအပ် လိုက်ခြင်းကြောင့် ယခုအခါ မြို့နယ်ပေါင်း ၆၅ ခုတွင် Supernet ဖိုင်ဘာအင်တာနက်ကို ရရှိ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
တယ်လီနောမြန်မာ ပိုင်ဆိုင်မှုပြောင်းလဲ၊ လုပ်ငန်းများအပြောင်းအလဲမရှိ ဆက်လက်လည်ပတ်မည်
မတ် ၂၅ ရက်မှစ၍ တယ်လီနောမြန်မာ၏ ပိုင်ဆိုင်မှုအားလုံးကို ပိုင်ရှင်အသစ်ထံသို့ အပြီးသတ် လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ပြီး တယ်လီနောမြန်မာသည် နော်ဝေအခြေစိုက် တယ်လီနောလုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်မရှိတော့ကြောင်း တယ်လီနောမြန်မာက မတ် ၂၅ ရက်က ထုတ်ပြန် ကြေညာသည်။
အွန်လိုင်းရှော့ပင်များအတွက် အသုံးဝင်မယ့် ဗောက်ချာအက်ပလီကေးရှင်း
အွန်လိုင်းကနေ ဈေးရောင်းဈေးဝယ်များလာတဲ့ ယနေ့အချိန်မှာ ဝယ်သူတွေကို ဖောက်ချာထုတ်ပေး တဲ့အခါ စာရွက်နဲ့ထုတ်ထားတဲ့ ဗောက်ချာကို ပေးဖို့လိုသလို အွန်လိုင်းပေါ်ကနေပဲ ဗောက်ချာကို ထုတ်ပေးနိုင်ဖို့လည်း လိုအပ်လာပါတယ်။
တယ်လီနောမြန်မာကိုရောင်းချရန် ခွင့်ပြုမိန့်စောင့်ဆိုင်းနေပြီး ပုံမှန်လည်ပတ်နေကြောင်း ထုတ်ပြန်
တယ်လီနောမြန်မာသည် ၎င်း၏ရှယ်ယာများကို ရောင်းချခြင်းအတွက် လိုအပ်သည့် သက်ဆိုင်ရာ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်းနှင့် တယ်လီနောမြန်မာ၏လုပ်ငန်းများမှာ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေပြီး မြန်မာနိုင်ငံရှိ လူအားလုံးကို ဆက်သွယ်ချိတ်ဆက်ပေးနိုင်ရန် ကြိုးပမ်း လျက်ရှိကြောင်း တယ်လီနောမြန်မာက ဖေဖော်ဝါရီ ၁၁ ရက်က ထုတ်ပြန်ကြေညာထားသည်။
အင်တာနက်ဒေတာကုန်ကျမှု သက်သာစေမည့် အကြံပြုချက်ခြောက်ခုကို တယ်လီနောထုတ်ပြန်
ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ဆင်းကတ်အသစ်ကို စတင်အသုံးပြုနိုင်ရန် ဝန်ဆောင်ခနှင့် အင်တာနက်ဒေတာ သုံးစွဲမှု အတွက် ဝန်ဆောင်ခနှုန်းထားများ မြင့်တက်လာရာ ဒေတာကုန်ကျမှုသက်သာစေမည့်အကြံပြုချက် ခြောက်ခုကို တယ်လီနောမြန်မာက ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
MPT ဒေတာအသုံးပြုခနှင့် ဆင်းကတ်သစ်များအတွက်ဝန်ဆောင်ခ ပြောင်းလဲမည်ဖြစ်ကြောင်း သုံးစွဲသူများအား အသိပေး
ယခုနှစ် ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ MPT အသုံးပြုသူများအနေဖြင့် အင်တာနက်ဒေတာသုံးစွဲမှုများအတွက် ဝန်ဆောင်မှုနှုန်းထားနှင့် ဆင်းကတ် အသစ်များကို စတင်အသုံးပြုနိုင်ရန်ဆောင်ရွက်ပေး ဝန်ဆောင်မှု (SIM card activation) အပေါ်တွင် ပြောင်းလဲမှုများရှိမည်ဖြစ်ကြောင်း MPT က ဇန်နဝါရီ ၁၄ ရက်တွင် သတင်း ထုတ်ပြန်သည်။
မြန်မာနက်က လစဉ်သုံးနှင့် လုပ်ငန်းသုံး အင်တာနက်ဝန်ဆောင်မှုများအတွက် ဈေးနှုန်းများပြောင်းလဲ
အင်တာနက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခုဖြစ်သော မြန်မာနက်အနေဖြင့် လစဉ်သုံးနှင့် လုပ်ငန်းသုံး အင်တာနက်ဝန်ဆောင်မှုအချို့အတွက် ဈေးနှုန်းများကို ဇန်နဝါရီ ၈ ရက် မှစ၍ ပြောင်းလဲ သတ်မှတ်ထားကြောင်းနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ ပြောင်းလဲခြင်းဖြစ်ကြောင်း သိရသည်။