Hand Foot Mouth ရောဂါ စိုးရိမ်ရလား

အခုတလော ဆေးခန်းမှာ ကလေး မိဘတွေ ဗျာများနေတဲ့ ရောဂါတခု ရှိပါတယ်။ ကလေး ခြေဖဝါး လက်ဖဝါးတွေမှာ အရည်ကြည်ဖုလေးတွေ စထွက်လာမယ်။ ယားမယ်။ နာမယ်။ ပါးစပ်ထဲ မှာပါပေါက်မယ်။ ကလေး ဖျားမယ်။ အီမယ်။ နို့ကောင်းကောင်းမစို့တော့ဘူး။ ကလေးပါးစပ်က သွားရည်တွေ ကျနေမယ်။ ဘာဖြစ်တာလဲ မသိဘူးဆိုပြီး အစိုးရိမ်လွန်လို့ ဆေးခန်းကို အရေးတကြီး လာပြတတ်ကြပ
ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ကျခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ချိန်ကျတာ သိပ်တော့ မတွေ့ရပါဘူး။ အမျိုးသမီးအများစုအနေနဲ့ ကိုယ်ဝန်ဟာ သွေးပေါင်ချိန်အပေါ် သက်ရောက်မှု ရှိတယ်ဆိုတာ မသိကြပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးလှည့်ပတ်မှုဟာ ပိုမိုကျယ်ပြန့်လာပြီး ဟော်မုန်းပြောင်းလဲခြင်းများဟာ သွေးကြောတွေကို ကျယ်သွားစေတဲ့အတွက် သွေးပေါင်ချိန် လျော့နည်းရခြင်း ဖြစ်ပါတယ်။ သွေးပေါင်ချိန်ဟာ ကိုယ်ဝန်ဆောင်ချိန် အစောပိုင်းမှာ ကျတတ်ပြီး ဒုတိယသုံးလပတ်အတွင်းပိုင်းမှာ အကျဆုံး ဖြစ်တတ်ပါတယ်။ ဆရာဝန်များကတာ့ အောက်မှာဖော်ပြတဲ့ လက္ခဏာတွေရှိပြီး ပုံမှန်အတိုင်းအတာမှာ မရှိဘူးဆိုရင် သွေးပေါင်ကျခြင်းလို့ သတ်မှတ်
တရားထိုင်ခြင်းနဲ့ လူ့ကျန်းမာရေးကို သိပ္ပံနည်းကျ ချဉ်းကပ်လေ့လာကြမယ်
တရားထိုင်ခြင်းဆိုတဲ့ အလေ့အကျင့်ဟာ ကောင်းကျိုးတွေအများကြီးပေးနိုင်တယ်ဆိုတာ လေ့လာ သိရှိပြီး တဲ့နောက် လူအများကြားမှာ ပိုပြီးခေတ်စားလာပါတယ်။ တကယ်တော့တရားထိုင်ခြင်း meditation ဆိုတာ စိတ်ကို အာရုံစုစည်းပြီး မိမိကိုယ်ကိုနဲ့ ပတ်ဝန်းကျင်ကို ပိုပြီး ကိုယ့်ဖာသာ သတိထား မိအောင်လုပ်ခြင်းပါပဲ။ တရား ထိုင်ခြင်းကပေးတဲ့ ကောင်းကျိုးတွေကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်
အားကစားလေ့ကျင့်ခန်း လုပ်တာလွန်ကဲရင် ဦးနှောက်ထိခိုက်စေနိုင်
ကိုယ်လက်လှုပ်ရှားအားကစားလုပ်တယ်ဆိုတာ ခန္ဓါကိုယ်တစ်ခုလုံးရဲ့ အလုံးစုံကျန်းမာရေးအတွက် ကောင်းကျိုးများလွန်းတဲ့အကြောင်း အမြဲပြောခဲ့ကြပါတယ်။ ဒါပေမယ့် လွန်ကဲရင် ဘယ်အရာမှ မကောင်းပါဘူး။ ခွန်အားနဲ့ ခံနိုင်ရည်၊ ကြံ့ခိုင်မှု တို့က လူတစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ ကိုယ့်ခန္ဓါကိုယ်က တတ်နိုင်တာထက် လွန်ကဲသွားတဲ့အထိ လေ့ကျင့်ခန်းတွေ အကြမ်းလုပ်မယ်ဆိုရင် ကြွက်သားတွေကို အားကုန်စေတဲ့အပြင် ဦးနှောက်ကိုပါထိခိုက်နိုင်တယ်လို့ သုတေသနအသစ်က ဖော်ပြလိုက်ပါတယ်
ဘေဘီလေးကို ကောင်းမွန်ပျော်ရွှင်စွာကြီးပြင်းစေဖို့
ရင်သွေးလေးကို ကောင်းကောင်းမွန်မွန်အရွယ်ရောက် ကြီးပြင်းစေချင်တဲ့ဆန္ဒက မိဘတိုင်းမှာရှိတတ်တဲ့ ဆန္ဒတစ်ခုပါ။ ဒီဆန္ဒက ဆုတောင်းနေရုံနဲ့တော့ပြည့်လာမှာမဟုတ်ပါဘူး။ ကိုယ့်ဘက်ကလည်း တတ်နိုင်သမျှစွမ်းဆောင်ပေးဖို့လိုပါမယ်။ ဒီလိုစွမ်းဆောင်ပေးတဲ့နေရာမှာ အလေ့အထ ကောင်းလေး တွေနဲ့ ပြည့်ဝတဲ့ အာဟာရကို အချိုးကျကျပေါင်းစပ်မိဖို့လိုပါ
ရုန်းထွက်ဖို့အတွက် နည်းလမ်းက ရင်ဆိုင်ဖို့ပါပဲ
ခုလက်တလော ရုံတင်ထားတဲ့ Now and ever ရုပ်ရှင်မှာ မင်းသမီးဖြစ်တဲ့ ဝတ်မှုံ (ပိုင်ဖြိုးသု) မှာ ဆိုက်ကိုးစစ်စ် (psychosis) ဆိုတဲ့ စိတ်ရောဂါရှိတယ်ပေါ့နော်။ ငယ်ဘဝမှာ ဆိုးဆိုးရွားရွား အဖြစ်အပျက်တစ်ခုကြောင့် စိတ်ဒဏ်ရာကြီးကြီးမားမားရခဲ့တယ်။ အဲဒီစိတ်ဒဏ်ရာက ဒီစိတ်ရောဂါဖြစ်ဖို့ အကြောင်းဖြစ်လာခဲ့တယ်။ အဲ့ဒီအဖြစ်အပျက်ထဲမှာပါတဲ့ ကြောက်စရာကောင်းတဲ့ အခြေအနေတွေကို တကယ်အပြင်မှာ ရှိသလိုမျိုးတွေ ခဏ ခဏမြင်တယ် ကြားတယ်၊ လူအကောင်အထည်လိုက်ကြီးတွေကို မြင်တယ်၊ ဒါမှမဟုတ်ရင် အိပ်မက်ဆိုးတွေပြန်မက်တယ်။ သူ့ကိုယ်သူလဲ ဒါဟာ အိပ်မက်လား၊ အပြင်မှာ တကယ်ဖြစ်နေတာလားကို မခွဲခြားနိုင်ဘူး။ သူစိတ်ရောဂါကြောင့် ကယောင်ကတန်း မြင်နေရတဲ့ လူတစ်ယောက်က သူ့ကိုခိုင်းတာတွေကို အပြင်မှာ တကယ်လုပ်
ထိပ်ကပ်နာရောဂါနှင့် တိုင်းရင်းဆေးပညာအကြောင်း ဆွေးနွေးမည်