ခန္ဓါကိုယ်ကို အရိုး၊ ကြွက်သား၊ အကြော၊ အရွတ်၊ အရိုးနုတို့နဲ့ ဖွဲ့စည်းထားတာပါ။ ဒီအစိတ်အပိုင်းတွေအားလုံး ကျန်းမာပြီး ကိုယ့်တာဝန်ကိုယ်ကျေမှ ခန္ဓါကိုယ်က အကောင်းဆုံး လှုပ်ရှားနိုင်မှာပါ။ အဆစ်နေရာတွေကိုကောင်းကောင်းကွေးနိုင်ဆန့်နိုင်စေဖို့အတွက် အဓိက လုပ်ဆောင်နေတဲ့ အစိတ်အပိုင်းလေးတစ်ခုလည်းရှိပါတယ်။ ဒါကတော့ အရိုးနုပါ။ အရိုးနုလေး တွေ ကျန်းမာနေလို့သာ ခန္ဓါကိုယ်က အဆစ်တွေကို အကောင်းဆုံး အသုံးချပြီး ကွေးနိုင် ဆန့်နိုင် တာပါ။ ဒီတစ်ခေါက်တော့ကွေးလိုက်ဆန့်လိုက်တိုင်းမှာ အဆစ်ထဲက နာတာ ၊ တကျွတ်ကျွတ် မြည်သံတွေထွက်တာကနေကင်းဝေစေဖို့အတွက် အရိုးနုလေးတွေ ကျန်းမာအောင် စားပေးသင့်တဲ့ အစားအစာလေးတွေအကြောင်းပြောပြပေးပါရစေနေ