ထူးချွန်ထက်မြက်သူတစ်ယောက်အဖြစ်နဲ့ အရွယ်ရောက်လာဖို့ဆိုရင်ဘေဘီလေးကို ငယ်စဉ်ကတည်းက IQ ရော EQ ပါကောင်းအောင် ပျိုးထောင်ပေးဖို့ပါ။ ဒီလိုပြောလို့ ဒါတွေကိုပျိုးထောင်လို့ရလို့လားဆိုတော့ ရာနှုန်းပြည့်မဟုတ်ရင်တောင် ထက်ဝက်ကျော်လောက်အထိတော့ ပျိုးထောင်ပေးလို့ရပါတယ်။ ကလေးတစ်ယောက်ကို ငယ်စဉ်ကတည်းက စပြီးသေချာလေးပျိုးထောင်ပေးမှုက ကလေးအနာဂတ်အတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဒီတစ်ခေါက်တော့ဘေဘီလေးကို ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ဦးအဖြစ် ကြီးပြင်းလာစေဖို့ ဘယ်လိုပျိုးထောင်ပေးရမလဲ ဆိုတာကိုပြောပြပေးပါရစေနော်။