မြောက်ဦးမြို့၌ ပထမ ၆ လပတ် EPI ကာကွယ်ဆေးထိုးလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲပြုလုပ်
ရခိုင်ပြည်နယ် မြောက်ဦးခရိုင်အတွင်းရှိ မိခင်ခလေးကျန်းမာရေးဌာနနှင့် (RHC)ကျေးလက် ကျန်းမာရေးဌာန ၁၀ ခုမှ ကျန်းမာရေး ဝန်ထမ်းများ၏ ပထမ ၆ လပတ် EPI ကာကွယ်ဆေးထိုး လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်း မြောက်ဉီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။








