ကလေးတွေမှာပွန်းပဲ့ ပြတ်ရှ ဒဏ်ရာတွေ ရခဲ့ရင် ဘာလုပ်ကြမလဲ
ကလေးငယ်လေးတွေဟာ မသိ၊ မတတ်သေးတဲ့ အရွယ်လေးတွေမို့ မတော်တဆ ထိခိုက်လွယ်၊ ရှလွယ်တဲ့သူလေးတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိခင်တစ်ယောက်အနေနဲ့ ကလေးငယ်လေးတွေမှာ အဖြစ်များတဲ့ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာလေးတွေရလာခဲ့ရင် ဘာတွေလုပ်ဆောင်သင့်တယ် ဆိုတာလေး တွေကို သိထားဖို့ လိုအပ်ပါတယ်။ အချို့သော ဒဏ်ရာတွေက ဆေးရုံသွားဖို့၊ အရေးပေါ်ကုသဖို့ လိုနိုင်ပေမယ့် အချို့ဒဏ်ရာတွေကတော့ အိမ်မှာပဲ ရှေးဦးပြုစုနည်းလေးတွေနဲ့ သေသေချာချာကုသရင် လုံလောက်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ ဘယ်လို ပြတ်ရှဒဏ်ရာမျိုးဆို ဆေးရုံ သွားသင့်တယ်၊ ဘယ်လို ဒဏ်ရာမျိုးဆို ဘာတွေ လုပ်မယ် ဆိုတဲ့ အခြေခံလေးတွေကို မျှဝေပေးသွားပါ