သွားပွတ်တံဟာ သွားကို သန့်ရှင်းရေးလုပ်တဲ့အရာဖြစ်လို့ သူကိုယ်တိုင်ကိုလည်း သန့်သန့်ရှင်းရှင်း ဖြစ်အောင် ထားသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် တစ်နေ့နှစ်ခါ ကိုယ့်ပါးစပ်ထဲကို ရောဂါပိုးတွေ ထည့်သွင်းသလို ဖြစ်နေမှာပါ။ သွားတိုက်ပြီးလို့ သွားပွတ်တံကို ရေနဲ့ဆေးချလိုက်ရင် ပြောင်တယ်လို့ ထင်ရပေမယ့် လက်တွေ့မှာတော့ ဒီလိုမဟုတ်ပါဘူး။ မျက်စိနဲ့မမြင်ရတဲ့ ပိုးမွှားတွေ ကပ်ညှိ နေနိုင်ပါသေးတယ်။ ဒါကြောင့် သွားပွတ်တံကို စနစ်တကျ ဘယ်လို သိမ်းဆည်းမလဲဆိုတာ ပြောပြပေးချင်ပါတယ်