အင်းလေးဒေသသို့  နှစ်သစ်ကူး ရုံးပိတ်ရက် ကာလအတွင်း ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှု များပြား

နှစ်သစ်ကူး ရုံးပိတ်ရက် ကာလအတွင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း သိရသည်။
ကလောမြို့နယ်၌ နှစ်သစ်ကူးရုံးပိတ်ရက် ရက်ရှည်ကာလအတွင်း ခရီးသွားဧည့်သည်များ မိသားစုများဖြင့် လာရောက်လည်ပတ်လျက်ရှိ
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် နှစ်သစ်ကူးရုံးပိတ်ရက် ရက်ရှည်ကာလများအတွင်း ခရီးသွာဧည့်သည်များ လာရောက်လည်ပတ်မှုသည် ယခင်နှစ်များထက် ပိုမိုများပြားလျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်များမှ သိရသည်။
မန်းရွှေစက်တော်ရာ ဘုရားဖူးပြည်သူများ ဆင်စီး၍ သဘာဝရှုခင်းများ လည်ပတ်ကြည့်ရှုနိုင်မည်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း (၅) ရက်မှ မြန်မာနှစ်ဆန်း(၁)ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိရာ ယခုနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကာလ ဘုရားဖူးလာ ပြည်သူများ ဆင်စီး၍ သဘာဝရှုခင်းများ လည်ပတ်ကြည့်ရှုနိုင်စေရန် ဘုရားပွဲတော် ကာလအမှီ ဆင်စခန်း ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြောက်ဦးမြို့ရှိ အထင်ကရ ဘုရား၊ စေတီပုထိုးများတွင် အများပြည်သူရုံးပိတ်ရက်များ၌ ပြည်တွင်းပြည်ပ ဘုရားဖူး ဧည့်သည်များဖြင့် အထူးစည်ကား
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် အတွင်းရှိ အထင်ကရ ဘုရားစေတီ၊ ပုထိုးတော်များဖြစ်သည့် သျှစ်သောင်းပုထိုးတော်၊ ထုက္ကန်သိမ်ပုထိုးတော်၊ အံတော်သိမ်၊ ရတနာပုံ စေတီနှင့် မာရ်ငါးပါး ဘုရာများသို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ အများပြည်သူ ရုံးပိတ်ရက်များတွင် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။     
ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်သို့ မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ တက်ရောက်မည်
မိတ္ထီလာခြေလျင်နှင့်တောင်တက်အဖွဲ့သည် ရွာငံမြို့နယ်အတွင်းရှိ အရှေ့မြင်၊ အနောက်မြင်တောင်နှင့် ဟိုပုံးမြို့နယ်အတွင်းရှိ မဲနယ်တောင် တောင်တက်ခရီးစဉ် နှစ်ခုတက်ရောက်ပြီးလျှင် ပူတာအိုမြို့နယ်အတွင်းရှိ ဖုန်ကန်ရာဇီရေခဲတောင်ပေါ် အမြင့်ပေ ၁၁၉၂ပေ သို့ တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။
(၄၇) မိုင်အုန်းတော ယောချောင်းသာ၌ လာရောက်အပန်းဖြေသူများနှင့် စည်ကားလျက်ရှိ
ထိုသို့အပန်းဖြေရာတွင် (၄၇) မိုင် ယောချောင်းသာ အပန်းဖြေစခန်းမှ ဒေသထွက် အစားအစာများနှင့် ရေကစားသူများ အဆင်ပြေစေရန်အတွက် ဘောကွင်းများ၊ ရေလယ်အဆောက်အဦစင်များ၊ မျှော်စင်များ ဆောင်ရွက်ထားကြောင်း သိရသည်။
ကျောက်မြောင်းမြို့နယ်အတွင်းရှိ ရွှေကျွန်းသာ အပန်းဖြေစခန်း စတင်ဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့နယ် ဆယ်ပင်ကျွန်းကျေးရွာအတွင်းရှိ ဧရာဝတီမြစ်လယ် ကျွန်းပေါ်တွင် ပြုလုပ်ထားသည့် ရွှေကျွန်းသာ အပန်းဖြေစခန်းကို ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။