(၆၇) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကပြိုင်ပွဲ ပထမနေ့ည စတင်ကျင်းပ

၂၀၁၉ ခုနှစ်၊ (၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကပြိုင်ပွဲအား ဇန်နဝါရီ ၁၀  ရက်နေ့မှ ဇန်နဝါရီ ၁၃  ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ
စစ်တွေမြို့၌ ဒုတိယအကြိမ် ခမီတိုင်းရင်းသားစာပေ သင်ကြားရေး ဆရာဖြစ်သင်တန်းဆင်းပွဲကျင်းပ
ခမီတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပသော ခမီစာပေသင်ကြားရေး ဆရာဖြစ် သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ ခေမာမဏ္ဍိုင် ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်း၌ ကျင်းပသည်။
ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့မှ ခေါင်းဆောင်များ မြဝတီမြို့တွင် တွေ့ဆုံဆွေးနွေး
ကရင်ပြည်နယ်ရှိ ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များသည် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက မြဝတီမြို့၊ အမှတ် (၃)ရပ်ကွက်၊ သောင်းရင်းမြစ်ကမ်းနဘေးရှိ အမှတ် (၄)တပ်နယ်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ကရင်ပြည်နယ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့မှ သိရသည်။
ဒိုင်းနက်(ခေါ်) သက္ကမလူမျိုးတို့၏ အမျိုးသားနေ့ စည်ကားသိုက်မြိုက်စွာကျင်းပ
ရခိုင်ပြည်နယ်အတွင်းရှိ ဒိုင်းနက်(ခေါ်) သက္ကမလူမျိုးများ၏ (၈)ကြိမ်မြောက် အမျိုးသားနေ့ကို ယမန်နေ့နံနက် ၉ နာရီက ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း လောင်းချောင်းကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ဒိုင်းနက်ရိုးရာဓလေ့ အဆို၊ အက၊ အတီး၊ အမှုတ်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ 
ရန်ကုန်မြို့ကျိုက္ကဆံကွင်း၌ ဇန်နဝါရီ ၂၅ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်နှင့်စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ
မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ကြီးမှူး၍ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” (Myanmar Ethnics Culture Fest) အမည်ဖြင့် မြန်မာနိုင်ငံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော်ကြီးကို ဇန်နဝါရီ ၂၅ ရက်မှ ၃၀ ရက်အထိ ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပွဲတော်နှင့် စပ်လျဉ်းသည့် စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။ 
မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) အလုပ်အမှုဆောင်သစ်ရွေးချယ်

ရန်ကုန်  ၈  ဇန်နဝါရီ

 

ဖာပွန်မြို့၌  (၈၁)နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပ
ကရင်သက္ကရာဇ် ၂၇၅၈ ခုနှစ် ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို