မြဝတီမြို့၌ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းသုံးကြိမ် တိုက်ကျွေးသွားမည်
မြဝတီ ၇ ဇူလိုင်
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် အသွင်းပြောင်းပိုလီယိုအကြောသေ ရောဂါပိုး တွေ့ရှိခဲ့ခြင်းကြောင့် မြဝတီမြို့နယ် အတွင်း ငါးနှစ်အောက်ကလေးငယ်တိုင်းအား ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းအား သုံးကြိမ်တိုင် တိုက်ကျွေးသွား မည်ဖြစ်ကြောင်း သိရသည်။