အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် သေနတ်ပစ်နှင့် ဝူရှူးပြိုင်ပွဲများ ကျင်းပ
ရန်ကုန် ၁ ဇူလိုင်
၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် သေနတ်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ သေနတ်ပစ် အားကစားကွင်း၌ ကျင်းပသည်။