ရန်ကုန်မြို့သစ်တွင် အခြေခံအဆောက်အဦများ ဆောက်လုပ်ရန် ကုမ္ပဏီ ၂ ခုအား စတင်ရွေးချယ်

ရန်ကုန်မြို့သစ် စီမံကိန်းတွင် လျှပ်စစ်မီးနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် ထိုင်းနိုင်ငံအခြေစိုက် PTT/PTTEP/G PSC တို့ ပါဝင်သည့် PTT Group နှင့် ............
လူရွှင်တော်ကြီးများနှင့် အငြိမ့်မင်းသမီးကြီးများအား စတုတ္ထအကြိမ် သက်ကြီးပူဇော်ပွဲ မန္တလေးတွင် ကျင်းပမည်
ဒို့ညီကို၊ ချိုတူးအငြိမ့်၊ ကိုချိုတူး+မသီသီဦး မိသားစုမှ ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် စတုတ္ထအကြိမ်မြောက် ကသောလက်ဖြင့် လှူဒါန်းခြင်း ကိုချိုတူး+မသီသီဦး တည်ထောင်သော ဒို့ညီကို ချိုတူးအငြိမ့်နှင့် အငြိမ့်ချစ်သူ ပရိသတ်များ လှူဒါန်းငွေဖြင့် အငြိမ့်လူရွှင်တော်ကြီးများနှင့် အငြိမ့်မင်းသမင်းကြီးများအား သက်ကြီးပူဇော်ပွဲကို သြဂုတ်လ ၃၀ ရက် နံနက်(၈)နာရီမှ မွန်းတည့် ၁၂ နာရီအထိ မန္တလေးမြို့၊ လမ်း ၈၀၊ ၄၀ x ၄၁ လမ်းကြားရှိ အေးငြိမ်းအောင်မြင်သိဒ္ဓိရှင် ဓမ္မာရုံ၌ ကျင်းပမည် ဖြစ်သည်။
ညောင်ဦး - ချောက်ကားလမ်းပေါ်ရှိ အုံမြားချောင်းရေကျနေမှုကြောင့် ခရီးသွားပြည်သူများကို နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များက ကူညီ
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ် စဉ့်ကူကျေးရွာအနီး ညောင်ဦး - ချောက်သွားကားလမ်းပေါ်ရှိ စဉ့်ကူအုံမြားချောင်းတွင် ဩဂုတ် ၂၃ ရက်၊ ညနေ ၅ နာရီခွဲက အထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ..............
မိုးညှင်းစိုက်ပျိုးရေး သုတေသနခြံသို့ အင်းတော်ကြီးမြို့မှ တောင်သူ ၅၀ ကျော် လေ့လာရေးလာရောက်
ကချင်ပြည်နယ်၊     မိုးညှင်းခရိုင် ၊   မိုးညှင်းမြို့နယ်၊    အင်ကြင်းကုန်းကျေးရွာအုပ်စု ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမကြီး ဘေးတွင်တည်ရှိသည့် မိုးညှင်းစိုက်ပျိုးရေး သုတေသနခြံသို့ အင်းတော်ကြီးမြို့မှ ဒေသခံတောင်သူ ၅၄ ဦးသည် အောင်မြင်ဖြစ်ထွန်းနေသည့် သုတေသနပြုလုပ် စိုက်ပျိုးထားသော ဆင်းဧကရီ-၃ စမ်းသပ်စိုက်ကွင်းများ လေ့လာနိုင်ရန် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်တွင် လာရောက်ခဲ့ကြသည်။
ပင်လည်ဘူး၌သစ်ပင်ချစ်သူများအဖွဲ့(ဆဋ္ဌမအကြိမ်မြောက်)သစ်ပင်များ စိုက်ပျိုး
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ သဘာဝ ပတ်ဝန်းကျင်များ စိမ်းလန်းစိုပြေစေရန်၊  သဘာဝဘေးနှင့်ရာသီဥတု အပူဒဏ်မှ အကာ အကွယ်များ ရရှိစေရန်၊ သစ်ပင်များအား တန်ဖိုးထား ချစ်တတ်စေရန် ပင်လည်ဘူးမြို့နယ် သစ်ပင်ချစ်သူများအဖွဲ့မှ (ဆဋ္ဌမအကြိမ်မြောက်) သစ်ပင်များ စိုက်ပျိုး ခြင်းကို သြဂုတ်၂၃ ရက် နံနက်က ပင်လည်ဘူးမြို့နယ် (၅)မိုင် တောင်ဘို့လှကျေးရွာ လမ်းဘေးဝဲယာများတွင် အရိပ်ရ သစ်ပင်များ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မုတ္တမကမ်းလွန်ရေနံလုပ်ကွက် M9 တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်း ဆောင်ရွက်ရန် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်း လူထုတွေ့ဆုံပွဲ မြိတ်မြို့၌ ကျင်းပ
မုတ္တမကမ်းလွန်လုပ်ကွက်အမှတ် M9 တွင် PTTEPI ကုမ္ပဏီမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ .............
တောင်ကျရေကြောင့် ရထားလမ်းများပျက်စီးသဖြင့် ရန်ကုန် - ပုဂံ ရထား အောင်လံဘူတာတွင် ရပ်နားထားရ
ရန်ကုန်မြို့မှ ပုဂံသို့ထွက်ခွာလာသော အမှတ်(၆၁) အဆန်လူစီးအမြန်ရထားသည်     ဩဂုတ် ၂၄ ရက် နံနက် ၂ နာရီ ၁၃ မိနစ်အချိန်တွင် အောင်လံမြို့ အောင်လံဘူတာသို့ ဆိုက်ရောက်လာခဲ့ရာ  ဆင်ပေါင်ဝဲမြို့နယ် ဧကရာဇ်ဘူတာနှင့် လှေဝန်းဘူတာအကြားရှိ ဂွေးချိုကျေးရွာအနီးတွင် တောင်ကျရေများကျသဖြင့်       ရထားသံလမ်းများအား ရေတိုက်စားပြီး သံလမ်းများပျက်စီးကာ ရထားဆက်လက်သွားလာနိုင်မှုမရှိသည့်အတွက် ရထားမှာ အောင်လံဘူတာတွင် ရပ်နားထားရသည်။