Latest News

နောက်ဆုံးရသတင်းများ

ယနေ့မွန်းလွဲပိုင်း ရွှေဈေးနှုန်း

စီးပွားရေး

17/07/19

ရန်ကုန် ၁၇ ဇူလိုင်

မြန်မာ့ရွှေဈေး (အကယ်ဒမီ မီးလင်းရွှေဈေး)မှာ ယနေ့ မွန်းလွဲပိုင်းတွင် ငွေကျပ် ၁၁၃၅၇ဝဝ (ငွေကျပ် တစ်ဆယ့်တစ်သိန်း သုံးသောင်း ငါးထောင့် ခုနှစ်ရာ) ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

နောက်(၂)ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင်မုတ်သုံလေအားကောင်းနေမည်

မိုးလေဝသ

17/07/19

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ မနက်ဖြန် နံနက်အထိခန့်မှန်းချက်မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး‌အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ‌နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်

မိုးလေဝသ

17/07/19

နေပြည်တော် ၁၇ ဇူလိုင်


မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်တို့ကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။


MDN

 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine SchranerBurgener နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်တွင်း

17/07/19

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. ChristineSchranerBurgener နှင့် အဖွဲ့အား ယနေ့နံနက် (၉)နာရီတွင် အမျိုးသားလွှတ်တော် (J)ဆောင်၌ လက်ခံတွေ့ဆုံသည်။

နှမ်းတစ်တင်းစိုက်လျင် တင်း ၅၀ ခန့်ထွက်မည်ဟု တောင်သူများ မျှော်မှန်းထား

စီးပွားရေး

17/07/19

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ နှမ်းဧက တစ်သိန်းရှစ်သောင်းကျော် စိုက်ပျိုးလျက်ရှိပြီး နှမ်းအပင်၊ အသီးအပွင့် ဖြစ်ထွန်းအားကောင်းနေသောကြောင့် နှမ်းတစ်တင်း (၂ဧက) စိုက်လျင် တင်း ၅၀ ခန့်ထွက်မည်ဟု မျှော်လင့်ထားကြောင်း မကွေးမြို့နယ်ရှိ ဒေသခံတောင်သူများထံမှ သိရသည်။

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေများ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့် ကျော်လွန်ရောက်ရှိ

မိုးလေဝသ

17/07/19

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ယနေ့မွန်းလွဲ ၂ နာရီတွင် ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၁၉)ကျောင်း ယာယီပိတ်ထားရ

ပြည်တွင်း

17/07/19

ဧရာဝတီမြစ်ရေ မြင့်တက်၍ ရေဝင်ရောက်လာမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် အတွင်း၌ စာသင်ကျောင်း (၁၉)ကျောင်း ပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လဲချားမြို့၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပြည်တွင်း

17/07/19

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်အဆင့်သဘာဝ ဘေးအန္တရာယ် လျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို ------

ကလေးဝမြို့တွင်  (၇၂)နှစ်မြောက် အာဇာနည်နေ့ အကြိုဟောပြောပွဲ စာအုပ်ပြပွဲနှင့်ဓာတ်ပုံပြပွဲပြုလုပ်      

ပြည်တွင်း

17/07/19

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် (၇၂)နှစ်မြောက်အာဇာနည်နေ့ အကြိုဟောပြောပွဲ စာအုပ်ပြပွဲနှင့် ဓာတ်ပုံပြပွဲကိုယနေ့ နံနက် ၁၀နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။