Latest News
နောက်ဆုံးရသတင်းများ
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးနည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေး
13/07/19
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် အိန္ဒိယသမ္မတနိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် တောင်သူ လယ်သမားရေးရာဝန်ကြီး Mr. ParshottamRupala အား ယမန်နေ့က နေပြည်တော်ရှိ Hilton Hotel ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။
စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေသောမြို့နှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ တစ်နာရီအတွင်း မြစ်ရေအခြေအနေ
13/07/19
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ယနေ့ည ၈:၃၀ နာရီတွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေသောမြို့နှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ တစ်နာရီအတွင်း မြစ်ရေအခြေအနေ ပြောင်းလဲမှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
လွိုင်ကော်မြို့နယ်၌ မူးယစ်ဆေးဝါး ICE ဂရမ် ၅၀ဝ၀ဝ၀ ၊ ကတ်တမင်း ၆၄၉၀ဝ၀ ဂရမ်၊ ကဖင်း ဂရမ် ၁၁၅၀ဝ၀ဝ ဖမ်းဆီးရမိ
13/07/19
ခိုင်မာသော သတင်းပေးချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့က ဇူလိုင် ၁၂ ရက် နံနက် ၄ နာရီခွဲတွင် လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးရွာလမ်းခွဲ အနီး၌ နန့်စန်-မိုးနဲ-ဆီဆိုင်-လွိုင်ကော် လမ်းအတိုင်း စိုင်းအောင်ကျော်မိုး (ဖ) ဦးလွန်းအောင်၊ အနောက် ရပ်ကွက်၊ မိုင်းပန်မြို့နေသူအပါ ယာဉ်မောင်း/ယာဉ်နောက်လိုက် အမျိုးသား ၆ ဦးမောင်းနှင်/ လိုက်ပါလာသောDongfeng ထရပ်ယာဉ် ၃ စီးအား ဖမ်းဆီးစစ်ဆေးခဲ့ရာ အဆိုပါ မော်တော်ယာဉ် ................
မြန်မာနိုင်ငံ၏ ငွေချေးသက်သေခံ လက်မှတ်ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး
13/07/19
ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးမောင်မောင်ဝင်းသည် ထိုင်းနိုင်ငံငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECT) Secretary General Ms. RuenvadeeSuwanmongkol နှင့်အဖွဲ့အား ယမန်နေ့က မြန်မာနိုင်ငံ၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၌ တွေ့ဆုံသည်။
ကုက္ကိုလ်ပင်ပြိုလဲမှုကြာင့် ရန်ကုန်-ပုသိမ် ကားလမ်း ခေတ္တပိတ်ဆို့မှုဖြစ်ပွား
13/07/19
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဒါးကကျေးရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်း၌ ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်တိုင်အမှတ် ၉၀/၅ နှင့် ၉၀/၆ ကြားရှိ လုံးပတ် ၆ ပေခန့် နှင့် အရှည် ၇၅ ပေခန့်ရှိ ကုက္ကိုလ်ပင်သည် ကားလမ်းမပေါ်သို့လဲပြိုခဲ့ရာ ကားလမ်းခေတ္တပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) မိုးရာသီဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်ကြည့်ရှုအားပေး
13/07/19
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ဇူလိုင် ၁၂ ရက် ညနေ ၃ နာရီတွင် စစ်တွေမြို့ ဓညဝတီ အားကစားကွင်း၌ ကျင်းပသည့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးပြီးတံခွန်စိုက်ဆုကို ချီးမြှင့်သည်။
နိုင်ငံအဆင့် သစ်တောသယံဇာတ စာရင်းကောက်ယူခြင်း စမ်းသပ်လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
13/07/19
သစ်တောဦးစီးဌာနနှင့် UNREDD အစီအစဉ်၊ FAO အဖွဲ့တို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် နိုင်ငံအဆင့် သစ်တောသယံဇာတစာရင်း ကောက်ယူခြင်း စမ်းသပ် လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရေဆင်းရှိ သစ်တောသုတေသနဌာန၌ ကျင်းပသည်။
သူနာပြုတက္ကသိုလ် (ရန်ကုန်) ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးဆွေးနွေး
13/07/19
သူနာပြုတက္ကသိုလ် (ရန်ကုန်) ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်ကြား သင်ယူမှု၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားမှုနည်းစနစ်နှင့် ဘွဲ့ကြို/ဘွဲ့လွန်များ မွေးထုတ် ပေးနိုင်မှုစသည့် အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ပံ့ပိုး ပေးရန် လိုအပ်မည့် အချက်များနှင့် စပ်လျဉ်း၍ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် သူနာပြုတက္ကသိုလ် (ရန်ကုန်)၌ ကျင်းပသည်။