Latest News

နောက်ဆုံးရသတင်းများ

ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် အသက်မွေးကျောင်း သင်တန်းများ လျှောက်ထားနိုင်

ပြည်တွင်း

27/06/19

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီဌာန၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (ရန်ကုန်)တွင် အသက် (၁၈)နှစ်မှ (၄၅)နှစ်အတွင်းရှိ ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံသံအမတ်ကြီး Mr. Steve Marshall ၊ Chief Ombudsman, Mr. Peter Boshier နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်တွင်း

27/06/19

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး Mr. Steve Marshall ၊ နယူးဇီလန်နိုင်ငံမှ Chief Ombudsman, Mr. Peter Boshier နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

စင်ကာပူနှင့် မလေးရှားနိုင်ငံ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် မြန်မာကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်

အားကစား

27/06/19

မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် ဂေါက်သီးရိုက်ကစားသမားများသည် စင်ကာပူနှင့် မလေးရှားနိုင်ငံ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

မန္တလေးမြို့၊ ကျုံးဘေးတွင် စကားပြောနေသူနှစ်ဦးထံမှ လုယက်သူများအား ဖမ်းဆီးရမိ

မှုခင်း

27/06/19

နေပြည်တော် ၂၇ ဇွန် 

ဇွန် ၂၆ ရက် ညပိုင်းက မန္တလေးမြို့၊ ကျုံးဘေးတွင် ထိုင်စကားပြောနေသူနှစ်ဦးထံမှ လက်ကိုင်ဖုန်း (၂) လုံး၊ နာရီ (၁) လုံး၊ ငွေစက္ကူရောရာ (၅၀ဝဝဝ) ကျပ်အား လုယက်သွားသည့် အမျိုးသား (၃) ဦးကို လုယက်ပြီး ချက်ချင်းဖမ်းဆီးရမိကာ ဥပဒေနှင့်အညီ အရေးယူထားကြောင်း သိရှိရသည်။

မြင်းခြံမြို့နယ် ဖက်ရင်းကျေးရွာတွင် နှစ်ပေါင်း(၁၀ဝ)ကျော်သက်တမ်းရှိ ဖျောက်ဆိမ့်ပင်အနှစ်မှ စေတီပုံတော်ထွက်ပေါ်လာသည်ဟုဆိုကာ လာရောက်ကြည့်ရှုသူများပြား

ပြည်တွင်း

27/06/19

မန္တလေး ၂၇ ဇွန်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဖက်ရင်းကျေးရွာတွင် နှစ်ပေါင်း(၁၀ဝ)ကျော်သက်တမ်းရှိ ဖျောက်ဆိမ့်ပင်အနှစ်မှ စေတီပုံထွက်ပေါ်လာသည်ဟုဆိုကာ လာရောက်ကြည့်ရှုသူ များပြားလျက်ရှိကြောင်း အဆိုပါ ကျေးရွာဒေသခံများထံမှ သိရသည်။

 

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်တွင် သောက်သုံးရေဖြန့်ဝေပေးရာ၌ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ရေပိုက်လိုင်းများ ပြုပြင်

ပြည်တွင်း

27/06/19

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရန်နှင့် သောက်သုံးရေများ ဖြန့်ဝေပေးရာတွင် ရေလေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးအတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် မင်းဘူးမြို့၊ နဂါးပွက်တောင်လမ်း မြို့ရေပေးရေး ပိုက်လိုင်းအရှည်ပေ ၁၂၀ဝ နှင့်

လာမည့်ရက်များအတွင်း ကမ်းရိုးတန်းဒေသများတွင် မိုးဆက်လက်ပိုနေမည်

မိုးလေဝသ

27/06/19

နေပြည်တော် ၂၇ ဇွန်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ည ၇ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်တွင်း

27/06/19

နေပြည်တော် ၂၇ ဇွန်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

ကျောက်ဖြူမြို့အား ပင်လယ်ဒီရေဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်  ငလပွေ့တာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ထား

ပြည်တွင်း

27/06/19

ကျောက်ဖြူမြို့အား မိုးရာသီပင်လယ်ဒီရေဝင်ရောက်မှုနှင့် လယ်ယာမြေဧက တစ်ထောင်ကျော်အား ဆားငန်ရေဝင်ရောက်မှုမှ ကာကွယ်နိုင်ရန် ငလပွေ့တာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

အဖတ်များဆုံး သတင်း