Latest News

နောက်ဆုံးရသတင်းများ

၂၀၁၉ ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် မေးခွန်းပုံစံနှင့် ပတ်သက်၍ အချက်အလက်အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပြည်တွင်း

25/06/19

နေပြည်တော် ၂၅ ဇွန်

၂၀၁၉ ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် မေးခွန်းပုံစံနှင့် ပတ်သက်၍ အချက်အလက်အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

 

မူဆယ်- လားရှိုး-မန္တလေး ရထားလမ်းအသစ်အတွက်   ဖြစ်နှိုင်ခြေလေ့လာမှု တွေကို ယနေ့စတင်ဆောင်ရွက်

ပြည်တွင်း

25/06/19

မူဆယ် - လားရှိုး -မန္တလေး ရထားလမ်းသစ်ဖောက်လုပ်ရေး စီမံကိန်း  ဖြစ်နှိုင်ခြေလေ့လာမှုတွေကို ယနေ့စတင်ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထား  (အထက်မြန်မာပြည်) ဒုအထွေထွေမန်နေဂျာ  ဦးဌေးလှိုင် က ပြောသည်။

ယနေ့ညနေပိုင်း ရွှေဈေးနှုန်း

စီးပွားရေး

25/06/19

ရန်ကုန် ၂၅ ဇွန်

မြန်မာ့ရွှေဈေး (အကယ်ဒမီ မီးလင်းရွှေဈေး)မှာ ယနေ့ ညနေပိုင်းတွင် ငွေကျပ် ၁၁၂၅၅ဝဝ (ကျပ် ဆယ်တစ်သိန်း နှစ်သောင်း ငါးထောင့် ငါးရာ) ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့မွန်းလွဲပိုင်း ရွှေဈေးနှုန်း

စီးပွားရေး

25/06/19

မြန်မာ့ရွှေဈေး (အကယ်ဒမီ မီးလင်းရွှေဈေး)မှာ ယနေ့ မွန်းလွဲပိုင်းတွင် ငွေကျပ် ၁၁၂၇ဝဝဝ (ကျပ် ဆယ်တစ်သိန်း နှစ်သောင်း ခုနှစ်ထောင်)ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

“အုပ်ချုပ်ရေးနှင့်စီးပွားရေးဆိုင်ရာဖြောင့်မတ်တည်ကြည်မှု ” ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဘားအံမြို့ ၌ ကျင်းပ

ပြည်တွင်း

25/06/19

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ နည်းပညာအကူအညီဖြင့် “အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု ”ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့၊ သီရိဘားအံဟိုတယ်၌ ကျင်းပသည်။

ဥပဒေအရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ်(၃၁) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ 

ပြည်တွင်း

25/06/19

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ်(၃၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

နေ့စဉ်မြစ်ရေ ခန့်မှန်းချက်များ

မိုးလေဝသ

25/06/19

နေပြည်တော်  ၂၅   ဇွန်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၅.၆.၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေ ခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖြစ်ပါသည်။

 

ဝိုင်းမော်မြို့နယ်၌ သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်စိုက်ပျိုးနေသည့် တစ်သျှူးငှက်ပျောစိုက်ခင်းများကို ဖျက်ဆီး

ပြည်တွင်း

25/06/19

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်ဝါကြိုးဝိုင်းဧရိယာအတွင်း ကျူးကျော်ဝင်ရောက်စိုက်ပျိုးထားသည့် တစ်သျှူးငှက်ပျောစိုက်ခင်းများကို သစ်တောဦးစီးဌာနမှ ဇွန် ၂၄ ရက်မှစတင်ကာ ဖျက်ဆီးရှင်းလင်းလျက်ရှိကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေ

မိုးလေဝသ

25/06/19

၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ မွန်းလွဲ (၂:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

ငွေပျော်စံပြကျေးရွာတွင် ပြောင်းရွှေ့နေထိုင်ကြမည့် မြစ်ကြီးနားနှင့်ချီဘွေမြို့နယ်အတွင်းရှိ IDP စခန်းနေ မိသားစုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ပြည်တွင်း

25/06/19

ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ချီဘွေမြို့နယ် အတွင်းရှိ IDP စခန်းများမှ အိမ်ထောင်စုများအား မြစ်ကြီးနားမြို့ငွေပျော်စံပြကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ရေးအတွက် နေရာချထားပေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းတို့ကို -----------

အဖတ်များဆုံး သတင်း