Latest News

နောက်ဆုံးရသတင်းများ

မိုးရာသီအတွက် တောင်သူများအား မျိုးကောင်းမျိုးသန့် မျိုးစပါးများ ထောက်ပံ့

ပြည်တွင်း

25/06/19

မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အကျိုးဆောင်တောင်သူများအား မျိုးကောင်းမျိုးသန့် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဘူးသီးတောင်မြို့ စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်သည်။

မိုးနဲမြို့၌ ကိုယ်ဝန်ဆောင် မိခင်လောင်း အယောက် ၃၀ အား အာဟာရထောက်ပံ့ပေးအပ်

ပြည်တွင်း

25/06/19

မိုးနဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ စီစဉ်မှုဖြင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအား အာဟာရထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့သည်။

မန္တလေးမြို့တွင် H1N1 ရာသီတုပ်ကွေး ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ပြည်တွင်း

25/06/19

H1N1 ရာသီတုပ်ကွေး ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ တိုင်းရဲအကူတပ်ဖွဲ့ခွဲဝင်းအတွင်းရှိ မဟာဇိနရံသီဓမ္မာရုံ တွင် ယနေ့ နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်သည်။

ဟင်္သာတမြို့နယ်ရှိ ကျေးရွာ ၁၆ ရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းကျော်ပြီးစီး

ပြည်တွင်း

25/06/19

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲရေးစီမံကိန်း(VDP)တွင် ----------

ရေးမြို့နယ်ရှိ အသက်(၈၅) နှစ်နှင့်အထက် အဘိုးအဘွား ၉၃၅ ဉီးအတွက်  လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် သိန်း ၂၈၀ ကျော် ပေးအပ်

ပြည်တွင်း

25/06/19

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အသက်(၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာများတွင်-----------

ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ(၂/၂၀၁၉)ကြိမ်မြောက် ဆွေးနွေး

ပြည်တွင်း

25/06/19

ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအတွက် (၂/၂၀၁၉) ကြိမ်မြောက် လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ဇွန် ၂၄ ရက်နေ့၊မွန်လွဲ ၂ နာရီက ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အပေါ်ထပ်ရှိ ကရင်ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေး  ကော်မတီအစည်းအဝေးခန်းတွင် ကျင်းပသည်။

ကျွန်းလှမြို့နယ်တွင် မိုးအစေ့ထုတ်ပြောင်းစိုက်ခင်း ဧက ၁၇၀ ကို ငမြောင်တောင်ပိုးကျရောက်မှုရှိမရှိ ကွင်းဆင်း စစ်ဆေး

ပြည်တွင်း

25/06/19

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ၊ ရေချိုးတောင်အနီး တောင်သူ(၁၁)ဦး စိုက်ပျိုးထားသော မိုးအစေ့ထုတ်ပြောင်းဧက ၁၇၀ ကို ဖောငမြှောင်တောင်ပိုးကျရောက်မှု ရှိ/မရှိ ဇွန် ၂၄ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်နှင့် ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်း ဆင်ပေါင်ဝဲ၌ ဖွင့်လှစ်

ပြည်တွင်း

25/06/19

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့ ပေါ်ရှိပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူဖြစ်စေရေးအတွက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဆပ်ပြာရည် ပြုလုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရန္တပိုကျေးရွာသို့ မြန်မာနိုင်ငံ သွားဆရာဝန်များအဖွဲ့မှ သွားနှင့် ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေး

အလှအပနှင့်ကျန်းမာရေး

25/06/19

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရန္တပိုကျေးရွာရှိ ရန္တပိုဟိုတယ်အတွင်း မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်များ အသင်းနှင့် မြင်းခြံခရိုင် ကျန်းမာရေးဦးစီးဌာနတို့သည် ----------

အဖတ်များဆုံး သတင်း