Latest News

နောက်ဆုံးရသတင်းများ

ပင်းခါးကျေးရွာတွင် နယ်လှည့်စာကြည့်တိုက်နှင့် တိုင်းရင်းဆေးအသိပညာပေး ဆောင်ရွက်

ပြည်တွင်း

18/06/19

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍  နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ တိုင်းရင်းဆေး အသိပညာပေးမှုနှင့် ဆေးကုသမှု နယ်လှည့်ဆောင်ရွက်ခြင်းကို ပင်းခါးကျေးရွာ အ.မ.က(ပင်းခါး) ကျောင်းနှင့် ဘက်စုံသုံးခန်းမဆောင်တို့၌ ယနေ့မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သည်။

မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီတွင် စိုက်ပျိုးရန် ပျိုးပင်ပေါင်း ၁၃၅၀ဝ၀ ပျိုးထောင်ထားရှိ

ပြည်တွင်း

18/06/19

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့နယ် သစ်တောဦးစီးဌာနက ၂၀၁၉ ခုနှစ် မိုးရာသီကာလတွင် စိုက်ပျိုးရန်နှင့် အခြားအရိပ်ရ ပျိုးပင်ပေါင်း (၁၃၅၀ဝ၀)ကို မြို့နယ်အတွင်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းလျှောက်လွှာများ စတင်ရောင်းချ

ပြည်တွင်း

18/06/19

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် အကောင်အထည်ဖော် တည်ဆောက်ပြီးစီးသည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းများအား မန္တလေးခရိုင် ခြောက်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသော အရပ်ဖက် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား နေရာချထားပေးနိုင်ရန် လျှောက်လွှာများကို ဇွန် ၁၇ ရက်မှ စတင်ရောင်းချပေးနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ၌ ကျင်းမည့် အရှေ့တောင်အာရှ အပြည်ပြည်ဆိုင်ရာ လှေသက်ငယ်တန်းနှင့် အကြီးတန်းပြိုင်ပွဲ မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်ရန် ထွက်ခွာ

ပြည်တွင်း

18/06/19

ထိုင်းနိုင်ငံ ပတ္တယားမြို့၌ ဇွန်၂၀ ရက်မှ၂၃ရက်အထိ       ကျင်းပမည့် အရှေ့တောင်အာရှသက်ငယ်တန်းနှင့် သက်ကြီးတန်း အနောက်တိုင်းလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲ အရှေ့တောင်အာရှ ကနူးလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲ (2019 Southeast Asian Rowing and Canoeing Championship)သို့ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။

သတိ အန္တရာယ်ရှိသည် ရုပ်ရှင်ဇာတ်ကား ဇွန် ၂၀ ရက်တွင် ပြသမည်

ဖျော်ဖြေရေး

18/06/19

အမှားနှင့် အမှန်ကြားရှိ ကြေးစားလူဆိုးဂိုဏ်းများ၏စရိုက်ကို ပေါ်လွင်အောင် ရိုက်ကူးထားသည့် ''သတိ အန္တရာယ်ရှိသည်'' ရုပ်ရှင်ဇာတ်ကားအထူးပွဲကို ဇွန် ၁၇ ရက် က ရန်ကုန်မြို့ သမ္မတရုံ၌ ပြသခဲ့ပြီး ဇွန်၂၀ တွင် တစ်နိုင်ငံလုံးပြသမည်ဖြစ်ကြောင်း သိရသည်။ 

ယနေ့ညနေပိုင်း ရွှေဈေးနှုန်း

စီးပွားရေး

18/06/19

ရန်ကုန် ၁၈ ဇွန်

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ ယနေ့ညနေ ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား ၁၀၈၅၀ဝဝ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး တစ်အောင်စမှာ ၁၃၄၆ ဒေါ်လာဖြစ်သည်။ ပြည်တွင်းငွေလဲလှယ်နှုန်းအနေဖြင့် အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၃၀ ဖြစ်ကြောင်း သိရသည်။

MDN

ပခုက္ကူမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် အသိပညာများ မြှင့်တင်ရေး စီမံကိန်းမိတ်ဆက်ပွဲ ကျင်းပ

ပြည်တွင်း

18/06/19

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် အသိပညာများ မြှင့်တင်ရေးစီမံကိန်း မိတ်ဆက်ပွဲအခမ်းအနားကို  ယနေ့ နံနက် ၉ နာရီက ပခုက္ကူမြို့၊ တော်ဝင်နန်းဟိုတယ်ခန်းမ၌ ကျင်းပခဲ့သည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လိုင်လင်းပီမြို့မှ ပိုင်တယ်၊ ပထိန်တလန်ကျေးရွာချင်းဆက် လမ်းများမြေပြိုပြီး ပြည်သူများ သွားလာရေးအခက်ကြုံနေ      

ပြည်တွင်း

18/06/19

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မင်းတပ်ခရိုင် လိုင်လင်းပီမြို့တောင်ဖက် ပိုင်တယ်ကျေးရွာ၊ ပထိန်တလန်ကျေးရွာကြား မြေပြိုမှုဖြစ်ပွားပြီး ပြည်သူများသွားလာရေးအခက်ကြုံလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

အဖတ်များဆုံး သတင်း