Latest News
နောက်ဆုံးရသတင်းများ
အာရှ ယူ-၁၉ ပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးအသင်း ဇူလိုင် ၁ ရက် စတင်လေ့ကျင့်မည်
08/06/19
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲအောင်မြင်ထားသည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် ဇူလိုင် ၁ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။
ပဲခူးမြို့၌ ဓားကိုင်သောင်းကျန်းသူ လူငယ် ၃ ဦးအား ရဲတပ်ဖွဲ့က သတိပေးပစ်ခတ်ဖမ်းဆီး
08/06/19
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဉဿာမြို့သစ်(၈)ရပ်ကွက် မြို့ရှောင်လမ်း၌ ဇွန် ၇ ရက် ညနေ ၃ နာရီ မိနစ် ၂၀ တွင် အဆိုပါရပ်ကွက်နေ ဟိန်းဇင်မျိုး၊ ကျော်ကျော်ဝင်း၊ ထက်ဇော်ဝင်း (ခ)ကျန်ကျောင်းတို့ ၃ ဦးသည် ဓားကိုယ်စီ ကိုင်ဆောင်ရမ်းကားသောင်းကျန်းနေကြောင်း သတင်းအရ ..............
မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၄၂) ဦး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်
08/06/19
မန္တလေး ၈ ဇွန်
မန္တလေးဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/အကျဉ်းသူများအနက် (၇၁) ဦး သည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ထောင်တွင်း ပညာသင်အထက်တန်းကျောင်း၊ အမှတ်(၂၅) အခြေခံပညာ အထက်တန်းကျောင်းခွဲ စာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ကြရာ အကျဉ်းသား၊ အကျဉ်းသူ (၄၂) ဦး စာမေးပွဲအောင်မြင်ခဲ့ကြောင်း သိရသည်။
ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ နေပြည်တော် ကလေးပြုစုရေးဌာန အဆောက်အဦဆောက်လုပ် လှူဒါန်းခြင်းလုပ်ငန်း ကော်မတီအစည်းအဝေးကျင်းပ
08/06/19
ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ဆောက်လုပ်လှူဒါန်းသည့် ကလေးပြုစုရေးဌာန (နေပြည်တော်) အဆောက်အဦ ဆောက်လုပ်ရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရမ်းဗြဲမြို့နယ်၌ စက်လှေနစ်မြှုပ်မှုဖြစ်ပွား
08/06/19
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် လက်ခတ်တောင်အနီး ပင်လယ်ပြင်၌ ဇွန် ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် တိုးချဲ့ရပ်ကွက်၊ ကျောက်ဖြူမြို့နေ ဦးသိန်းရွှေ(၅၆)နှစ် မောင်းနှင်ပြီး ငလေပွေ့ကျေးရွာနေ ဦးထွန်းရင်(၄၀)နှစ်ပါကျား (၄)ဦး လိုက်ပါလာသော စက်လှေသည် ဘိလပ်မြေ ၁၂၀ဝ အိတ်အား တင်ဆောင်၍ ကျောက်ဖြူမြို့နယ် ငလေပွေ့ဆိပ်ကမ်းမှ မာန်အောင်မြို့သို့ မောင်းနှင်လာစဉ် လေပြင်းတိုက်ခတ်မှုကြောင့် နစ်မြုပ်သွားခဲ့ကြောင်းနှင့် ဦးသိန်းရွှေပါ ၅ ဦးအား ကယ်ဆယ်ရရှိခဲ့ကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။
မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာပြပွဲ နေပြည်တော်၌ ကျင်းပ
08/06/19
မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာပြပွဲကို ယနေ့ နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ဗုဒ္ဓဝင်ပြခန်း ရုပ်ကြွများပါ ၁၀ ချပ်နှင့် ဗုဒ္ဓရုပ်ပွားတော် ရုပ်ကြွများပါ ၂၆ ချပ် မြဝတီမြို့နယ်၌ သိမ်းဆည်းရမိ
08/06/19
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာ၊ ကော့ကရိတ် - မြဝတီကားလမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်က သင်္ဃန်းညီနောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား ..............
နိုင်ငံတကာပြိုင်ပွဲနှစ်ခုအတွက် ပြင်ဆင်နေသည့် မြန်မာ ယူ-၁၈ အသင်း
08/06/19
မြန်မာ ယူ-၁၈ အသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် အဓိကနိုင်ငံတကာပြိုင်ပွဲနှစ်ခုအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ပြီး အောင်မြင်မှုရရှိရန် ပြင်ဆင်လျက်ရှိသည်။
(၇၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ် ပြပွဲ၊ ဖွင့်ပွဲ အခမ်းအနားကျင်းပ
08/06/19
(၇၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ် ပြပွဲ၊ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၌ ကျင်းပသည်။