Latest News
နောက်ဆုံးရသတင်းများ
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရေဘေးဒဏ်ခံစားရသောဒေသများရှိ ပြည်သူများအား လှူဒါန်းသော အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
25/09/24
တိုင်ဖွန်းမုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ရေဘေးဒဏ်ခံစားရသော ဒေသများရှိ ပြည်သူများအား လှူဒါန်းသော အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့တွင် ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်
25/09/24
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာ ဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန် ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်ပေးပြီး ကျောင်းအတွင်း ခင်းကျင်းပြသထားသည့် ဌာနဆိုင်ရာပြခန်းများ၊ ဂိမ်းကစားပြိုင်ပွဲများနှင့် စာအုပ်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ ဆုတ်ခွာနိုင်
25/09/24
(၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ရေကြီးနစ်မြုပ်ခဲ့သည့် မိုးသီးနှံများ အချိန်မီ ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး နည်းပညာ၊ စက်ယန္တရား၊ မျိုးစပါးနှင့် သွင်းအားစုများ ကူညီပံ့ပိုးပေးသွားမည်
25/09/24
ကရင်ပြည်နယ်အတွင်း နှစ်ကြိမ်တိုင်တိုင် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးနှင့် မိုးသီးနှံများ အချိန်မီ ပြန်လည်ထွန်ယက် စိုက်ပျိုးနိုင်ရေး မျိုးစပါး၊ သွင်းအားစု၊ နည်းပညာနှင့် စက်ယန္တရားများ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး တိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့၏ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၊ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများပေးအပ်
25/09/24
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်း ပေးအပ်ထောက်ပံ့ခဲ့ကြသည်။
သာစည်မြို့နယ် တောင်ပေါ်ဒေသ ရေဘေးဒဏ်ခံစားခဲ့ရသော ဒေသများသို့သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့
25/09/24
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ရေဘေးဒဏ်ခံစားခဲ့ရသော တောင်ပေါ်ဒေသ မြင်းဒိုက်၊ ဆင်တောင်ခွေးရုပ်၊ ပင်မုန်းကျေးရွာများသို့ စက်တင်ဘာ ၂၄ ရက်က တာဝန်ရှိသူများသွားရောက်၍ ရေဘေးသင့်ပြည်သူများအား ဆန်၊ ရေ ရိက္ခာများ ထောက်ပံ့ပေးပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မောက်မယ်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီရိက္ခာ ထောက်ပံ့ပေးအပ်
25/09/24
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီရိက္ခာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။