Latest News

နောက်ဆုံးရသတင်းများ

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လက်တွေ့ကွင်းဆင်း ကောက်ယူနေမှုအား အားပေးကြည့်ရှု

ပြည်တွင်း

26/09/24

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသားများ ဟော်တိုက်ရပ်ကွက်အတွင်း၌ လက်တွေ့ကွင်းဆင်း ကောက်ယူနေမှု အခြေအနေများကို ယနေ့ နံနက် ၉ နာရီခွဲက တာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ကြသည်။

နတ်တလင်းမြို့၌ သန်းခေါင်စာရင်းကောက်ယူရေး သင်တန်းတက်ရောက်နေသူများ လက်တွေ့စမ်းသပ် ကွင်းဆင်းကောက်ယူ

ပြည်တွင်း

26/09/24

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို မြို့မရပ်ကွက်၊ ဗဟို(မူလွန်)ကျောင်း၌ စက်တင်ဘာ ၁၇ ရက်တွင် စတင်ဖွင့်လှစ်၍ စာတွေ့၊ လက်တွေ့ပို့ချခဲ့ရာ ယနေ့နံနက် ၉ နာရီက လက်တွေ့သင်ခန်းစာအဖြစ် သင်တန်းတက်ရောက်နေသူ ၁၆၇ ဦးက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်း၍ စမ်းသပ်ကောက်ယူခဲ့သည်။

စဉ့်ကိုင်မြို့နယ်အတွင်း ရေကြီး/ရေလျှံမှုကြောင့် ရေဝင်နစ်မြုပ်ခဲ့သည့် စာသင်ကျောင်း (၈)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

ပြည်တွင်း

26/09/24

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း၌ ဇော်ဂျီမြစ်၊ ပန်း‌လောင်မြစ်နှင့် ဒုဌဝတီမြစ်ရေ လျှံတက်မှုကြောင့် ရေဝင်နစ်မြုပ်ခဲ့သည့် စာသင်ကျောင်း (၈)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေ‌အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဖတ်များဆုံး သတင်း