Latest News
နောက်ဆုံးရသတင်းများ
၂၀၂၄-၂၀၂၅ခုနှစ်ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ရန် ငြမ်းစေတီတည်ဆောက်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနား ကျင်းပ
20/09/24
ရန်ကုန် စက်တင်ဘာ၁၉
၂၀၂၄-၂၀၂၅ ခုနှစ်ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ရန် ငြမ်းစေတီတည်ဆောက်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၅ နာရီ တွင် စေတီတော်မြတ်ကြီးရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နီပေါနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခြင်း (၁၀) နှစ်မြောက်အထိမ်းအမှတ်နေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်
20/09/24
ရန်ကုန် စက်တင်ဘာ ၁၉
နီပေါနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခြင်း (၁၀) နှစ်မြောက် အထိမ်းအမှတ်နေ့နှင့် အမျိုးသားနေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၆ နာရီခွဲတွင် ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများ ပြန်လည်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့
19/09/24
နေပြည်တော် စက်တင်ဘာ ၁၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် သဒ္ဓမ္မနဒီ (ဧရာဝတီ) သီလရှင်စာသင်တိုက်သို့ သွားရောက်၍ စားသောက်ဖွယ်ရာများ လှူဒါန်းပြီး ကျောင်းတိုက်ရေဝင်ရောက်နေမှု အခြေအနေကို ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ရေသောက်စနစ်များ ရာသီချိန်မီအသုံးပြုနိုင်ရေး ဒေသအလိုက် ကွင်းဆင်းဆောင်ရွက်
19/09/24
နေပြည်တော်၊ စက်တင်ဘာ ၁၉
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ကလောမြို့ရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး
19/09/24
နေပြည်တော် စက်တင်ဘာ ၁၉