Latest News

နောက်ဆုံးရသတင်းများ

ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်တွင်း

25/07/24


ကရင် ဇူလိုင် ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းအုပ်၊ ဒုတိယကျောင်းအုပ်၊ ဝန်ထမ်းများ၊ နည်းပြများ၊ သင်တန်းသူများနှင့် တွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်တွင်း

25/07/24


နေပြည်တော် ဇူလိုင် ၂၅ 
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Imran Haider ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်း အမှတ်စဉ် (၁ / ၂၀၂၄) သင်တန်းဖွင့်လှစ်

ပြည်တွင်း

25/07/24


နေပြည်တော် ဇူလိုင် ၂၅ 
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်း အမှတ်စဉ် (၁ / ၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ ကျင်းပသည်။

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပြင်ဦးလွင်မြို့နယ် ညောင်ပေါကျေးရွာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်တွင်း

25/07/24


နေပြည်တော် ဇူလိုင် ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနခရိုင်ရုံးသို့ ရောက်ရှိပြီး ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမှုကြောင့် အခြေခံပညာကျောင်း (၃၇)ကျောင်း ယာယီပိတ်ထားရ

ပြည်တွင်း

25/07/24

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမြင့်၍ ကျောင်းဝန်းများအတွင်း ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း (၄)ကျောင်းအား ယနေ့ ဇူလိုင် ၂၅ ရက်က ထပ်မံယာယီပိတ်ထားခဲ့ရသည်။