Latest News
နောက်ဆုံးရသတင်းများ
မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်
09/07/24
(၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက
မကွေးတိုင်းဒေသကြီး၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြ
09/07/24
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရေပြင်ရှာဖွေကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြသခြင်း အခမ်းအနားကို ဇူလိုင် ၉ ရက် နံနက်ပိုင်းက မကွေးမြို့၊ ကမ်းနားလမ်းရှိ ညဈေးတန်းတွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ်သန်းနိုင်ညွန့်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
09/07/24
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေနှင့် စီမံခန့်ခွဲမှုကော်မတီ၊ စီမံကိန်းကြီးကြပ်မှုကော်မတီမှ ချေးငွေရယူထားသည့် အစုအဖွဲ့မျာနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၉ ရက် နံနက်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်း အဝေးခန်းမတွင် ပြုလုပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကား ပြောကြားပြီး ချေးငွေရယူထားသည့် အစုအဖွဲ့များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
တံတားဦးမြို့နယ်တွင် ရေဝင်ရောက်မှုကြောင့် ပြည်သူများ ရေလွတ်ရာသို့ပြောင်းရွှေ့နေထိုင်ကြပြီး အခြေခံပညာကျောင်း (၉)ကျောင်း ခေတ္တယာယီပိတ်ထား
09/07/24
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေ ဝင်ရောက်သဖြင့် မြစ်ကမ်းပါးနှင့်နီးသော ကျေးရွာများအချို့မှ ပြည်သူများ ရေလွတ်ရာ ကုန်းမြင့်နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြပြီး အခြေခံပညာကျောင်း (၉)ကျောင်း ခေတ္တယာယီ ပိတ်ထားလျက်ရှိကြောင်း သိရသည်။
ကြဲခင်းစနစ်ပပျောက်ရေးအတွက် အခြောက်ထယ်ရေး မျိုးစေ့ချစက်ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ တပ်ကုန်းမြို့နယ်၌ ကျင်းပ
09/07/24
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော် စက်မှုလယ်ယာဦးစီးဌာန၊ တပ်ကုန်းမြို့နယ် အမှတ်(၆၈) စက်မှုလယ်ယာစခန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ နေပြည်တော်အတွင်း ကြဲခင်းစနစ်ပပျောက်ရေးအတွက် အခြောက်ထယ်ရေး မျိုးစေ့ချစက်ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခဲ့ရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ စပါးစိုက်တောင်သူများ တက်ရောက်၍ ကြည့်ရှုအားပေး လေ့လာခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၁၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၈၆ ဒသမ ၉ ကီလို ဖမ်းဆီးရမိ
09/07/24
နေပြည်တော် ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၁၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၈၆ ဒသမ ၉ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မော်လမြိုင်မြို့ရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး မွန်ပြည်နယ် ဝန်ကြီးချုပ် ကွင်းဆင်း ကြည့်ရှုကာ စာအုပ်များ လှူဒါန်း
09/07/24
မော်လမြိုင် ဇူလိုင် ၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာများရှိ စာကြည့်တိုက်များကို ဇူလိုင် ၉ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။