Latest News
နောက်ဆုံးရသတင်းများ
မြန်မာနိုင်ငံက သက်ကြီးရွယ်အိုနှင့် လူနာစွန့်ပစ်ဖြစ်စဉ်များအနက် အမျိုးသမီးများထက် အမျိုးသားများ စွန့်ပစ်ခံရသည့်ဖြစ်စဉ် ပိုမိုများပြားနေ
19/06/24
ရန်ကုန် ဇွန် ၁၉
မြန်မာနိုင်ငံက သက်ကြီးရွယ်အိုနှင့် လူနာစွန့်ပစ်ဖြစ်စဉ်များအနက် အမျိုးသမီးများထက် အမျိုးသားများ စွန့်ပစ်ခံရသည့်ဖြစ်စဉ် ပိုမိုများပြားလာနေကြောင်း အဆိုပါ စွန့်ပစ်ခံရသူများအရေးအား ဆောင်ရွက်နေသည့် ရွှေမေတ္တာပရဟိတအသင်း ဥက္ကဋ္ဌ ဒေါ်ရွှေလဲ့ က ၎င်း၏ မျက်မြင်အခြေအနေအရ ပမာဏကို ပြောကြားသည်။
မတော်တဆမှုကြောင့် ယာဉ်အတွင်း ညပ်နေသည့် လူနာများအား ဆွဲထုတ်ရာတွင်သုံးသည့် အထောက်အကူပြုစက်နှင့် စက်အသုံးပြုပုံကို လှူဒါန်းမျှဝေ
19/06/24
ရန်ကုန် ဇွန် ၁၉
မတော်တဆမှုကြောင့် ယာဉ်အတွင်း ညပ်နေသည့် လူနာများအား ဆွဲထုတ်ရာတွင် သုံးသည့် အထောက်အကူပြုစက်ကိုလည်း လှူဒါန်းသည့်အပြင် စက်အသုံးပြုပုံကိုလည်း သင်ကြားမျှဝေ ပညာဒါနပေးနေကြောင်း အလွတ်တန်းပြည်သူ့ ကယ်ဆယ်ရေးများ လိုက်လံဆောင်ရွက်သူ ဦးမောင် (Rescue ) ကပြောသည်။
ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာမည်
19/06/24
(၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ညနေ(၄:၀၀)နာရီအခ
ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာမည်
19/06/24
(၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ(၂:၀၀)န
မိုးဦးမိုးကောင်မွန်သဖြင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း နေကြာများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံပေါ်ချိန် ဈေးကောင်းရရှိရန် တောင်သူများမျှော်လင့်
19/06/24
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးဦးကာလ မိုးကောင်မွန်စွာရရှိသဖြင့် မြို့နယ်အတွင်း စိုက်ပျိုးထားရှိသည့် မြေပဲနှင့် နှမ်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိပြီး၊ ပေါင်းနှုတ်ခြင်း ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည်။ စိုက်ပျိုးရေးသွင်းအားစုများ ဈေးကြီးမြင့်လာမှုကြောင့် ယခုနှစ်သီးနှံပေါ်ချိန်တွင် ယမန်နှစ်ကကဲ့သို့ ဈေးကောင်းရရှိရေး တောင်သူများ မျှော်လင့်နေကြကြောင်းသိရသည်။
ကျောက်တံခါးမြို့နယ်တွင် ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်သည့် FD- KFS REDD+ စီမံကိန်းမှ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
19/06/24
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံ သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် FD-KFS REDD+ စီမံကိန်းနှင့် ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား ယမန်နေ့က ကြာအင်းကုန်းကျေးရွာအုပ်စု၊ ကြာပင်အိုင်ကျေးရွာ ရန်ကုန် - မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၀၃) မိုင် (၆) ဖာလုံအနီးတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
အဖတ်များဆုံး သတင်း
- 14/Jul/2026