Latest News
နောက်ဆုံးရသတင်းများ
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လမ်း၊ တံတားနှင့် အဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းဆပ်ကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်
19/06/24
နေပြည်တော် ဇွန် ၁၉
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လမ်း၊ တံတားနှင့် အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၁/၂၀၂၄)ကို ယမန်နေ့နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
မိုးရာသီ၏ လည်ပတ်စရာ နေရာတစ်ခုဖြစ်သော ဇင်းကျိုက်ရေတံခွန်သို့ နေ့စဉ်လာရောက် လည်ပတ်သူများပြားနေပြီး ရုံးပိတ်ရက်များတွင် ထောင်နှင့်ချီ၍ လာရောက်နေ
19/06/24
ရန်ကုန် ဇွန် ၁၉
မိုးရာသီ လည်ပတ်စရာ နေရာတစ်ခုဖြစ်သည့် မွန်ပြည်နယ် ဇင်းကျိုက်မြို့တွင်ရှိသည့် ဇင်းကျိုက်ရေတံခွန်သို့ နေ့စဉ် လာရောက်လည်ပတ်သူ များပြားနေပြီး ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်လူဦးရေ ထောင်ချီအထိရှိနေကြောင်း မော်လမြိုင်မြို့ ဒေသခံများနှင့်လူမှုကူညီရေးအသင်းမှ သိရသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပူးပေါင်း၍ ကျန်းမာရေး အသိပညာမျှဝေဆွေးနွေးပွဲ ကျင်းပ
19/06/24
နေပြည်တော် ဇွန် ၁၉
ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အသိပညာမျှဝေဆွေးနွေးပွဲ အစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် “ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့်ကျင်းပသည့် ဆွေးနွေးပွဲ အမှတ်စဉ် (၄၂) ကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
တရားမဝင် ဆေးဝါးများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
19/06/24
နေပြည်တော် ဇွန် ၁၉
ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုလျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
19/06/24
နေပြည်တော် ဇွန် ၁၉
အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု လျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
19/06/24
နေပြည်တော် ဇွန် ၁၉
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပ ပြုလုပ်သည်။
ဒုတိယဝန်ကြီး ဦးမြင့်စိုး မိတ္ထီလာနှင့် ကျောက်ပန်းတောင်းမြို့နယ်များမှ ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ
19/06/24
နေပြည်တော် ဇွန် ၁၈
ထိုင်းနိုင်ငံသို့ လာရောက်မည်ဆိုပါက ယုံကြည့်ရသည့် အေဂျင်စီနှင့် ချိတ်ဆက်ပြီးမှ တရားဝင်လာရန် မြန်မာအလုပ်သမားရေး ဆောင်ရွက်သူ တိုက်တွန်း
19/06/24
ရန်ကုန် ဇွန် ၁၉
ထိုင်းနိုင်ငံက တရားမဝင် ဝင်ရောက်မှုများကို လုံခြုံရေးတိုးမြှင်ကာ ဖမ်းဆီးမှုများနေသည့်အတွက် ယုံကြည့်ရသည့် အေဂျင်စီနှင့် ချိတ်ဆက်ပြီးမှ တရားဝင်လာရန်အတွက် မြန်မာအလုပ်သမားရေး ဆောင်ရွက်သူတစ်ဦးက တိုက်တွန်း ပြောကြားသည်။
အဖတ်များဆုံး သတင်း
- 14/Jul/2026