Latest News

နောက်ဆုံးရသတင်းများ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး

ပြည်တွင်း

10/06/24

နေပြည်တော်၊ ဇွန် ၁၀

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက် စိမ်းခန်းမ၌ကျင်းပသည်။

ဒုတိယဝန်ကြီး ဦးစိုးကြည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မူလတန်းကြိုကျောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနများသို့ ကြည့်ရှုစစ်ဆေး

ပြည်တွင်း

10/06/24

နေပြည်တော်၊ ဇွန် ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် တာဝန်ရှိသူများနှင့်အတူ  ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ  သီရိရတနာ မူလတန်းကြိုကျောင်းသို့ သွားရောက်၍ ရင်သွေးငယ်လေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားလေ့ကျင့်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။